အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ သမီးလေး ထိပ်ထားသခင်ကိုတော့ ပရိသတ်ကြီးက ချစ်ခင်အားပေးကြမယ် ထင်ပါတယ်။ ထိပ်ထားသခင်လေးက ကြော်ငြာလေးတွေရိုက်ကူးနေရသလို သရုပ်ဆောင်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေသာမက အနုပညာရှင်တွေအားလုံးကလည်း ချစ်စရာကောင်းလွန်းတဲ့ ထိပ်ထားလေးကို ဝိုင်းချစ်နေရတာပဲ ဖြစ်ပါတယ်။

အားလုံးချစ်ရတဲ့ ထိပ်ထားလေးကတော့ ပြီးခဲ့တဲ့ သြဂုတ်လ (၂၉) ရက်နေ့မှာ အသက် (၅)နှစ်တိတိပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မနေ့ကကျရောက်ခဲ့တဲ့ သမီးလေးထိပ်ထားသခင်ရဲ့မွေးနေ့ပွဲကိုတော့ ရန်ကုန်မြို့၊ ရွှေတိဂုံအနောက်ဖက်မုခ် Myanmar Culture Valley Park ရှိ ရွှေရင်ပင်စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တွေကလည်း ထိပ်ထားလေးရဲ့မွေးနေ့ပွဲကို တက်ရောက်လာခဲ့ကြတာ တွေ့ရပါတယ်။

ထိပ်ထားသခင်ရဲ့မွေးနေ့ပွဲလေးကို တက်ရောက်လာတဲ့ အနုပညာရှင်တွေထဲမှာတော့ မင်းသမီးချောလေး ယွန်းယွန်းကလည်း အပါအဝင်ဖြစ်ပါတယ်။ ကလေးချစ်တတ်တဲ့ ယွန်းယွန်းက ထိပ်ထားလေးအတွက် မွေးနေ့လက်ဆောင်လေးပေးရင်း မွေးနေ့ပွဲလေးမှ ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆင်နွှဲခဲ့တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ထိပ်ထားလေးရဲ့မွေးနေ့ပွဲမှာတွေ့ရတဲ့ ယွန်းယွန်းရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။