ပရိသတ်ကြီးရေ မင်းသမီးချောလေး အကယ်ဒမီမယ်လိုဒီကတော့ သားလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။မယ်လိုဒီကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါတည်းကလုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တွေကိုလည်းရရှိခဲ့ကာ ယနေ့အချိန်မှာတော့ အရင်လိုဇာတ်ကားတွေမရိုက်တော့ပေမယ့်လည်း ကြော်ငြာတွေနဲ့ပွဲတက်တွေမှာတော့ တွေ့မြင်နေရပါတယ်နော်။

Source:Melody Myo's Facebook
Source:Melody Myo's Facebook
Source:Melody Myo's Facebook

မယ်လိုဒီက သူမရဲ့တစ်ဦးတည်းသောသားလေး သိဒ္ဓိစစ်ကိုလည်း သေချာပြုစုပျိုးထောင်နေပြီး ထူးချွန်ထက်မြက်တဲ့သားလေးဖြစ်အောင် စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။သိဒ္ဓိစစ်လေးကလည်း ထူးချွန်ပြီး ကျောင်းမှာလည်း ဆုတွေမကြာခဏရလို့ မိဘတွေအတွက် မျက်နှာပွင့်ရတဲ့ကလေးလေးဖြစ်သလို ဘာသာရေးတရားကိုလည်းအရမ်းကိုင်းရှိုင်းတတ်တဲ့သူလေးပါနော်။  

Source:Melody Myo's Facebook
Source:Melody Myo's Facebook
Source:Melody Myo's Facebook

မယ်လိုဒီကတော့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း အမြဲတမ်းကိုယ့်ကိုယ်ကိုယ်လှပအောင်နေတာကြောင့် ခန္ဓာကိုယ်ကိုလည်းထိန်းသိမ်းဖြစ်ပါတယ်။အခုဆိုရင်တော့ မယ်လိုဒီက Gymကိုအမြဲသွားရောက်ပြီးပင်ပင်ပန်းပန်းဆော့ကစားကာ ချွေးသံတရွှဲရွှဲနဲ့ကြိုးစားနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးလည်းမြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ 

Source:Melody Myo's Facebook
Source:Melody Myo's Facebook
Source:Melody Myo's Facebook

Source:Melody Myo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။