မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ လျှောက်လှမ်းလာခဲ့တာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးခဲ့ရတဲ့ သင်ဇာဝင့်ကျော်က Photo Shooting တော်တော်များများကိုလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ သင်ဇာက ပွဲတက်ဖက်ရှင်တွေနဲ့ ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားနေသူလည်း ဖြစ်ပါတယ်။

Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography

သင်ဇာက သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေအမြဲသိရှိစေဖို့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပုံမှန်ဝေမျှပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက " ချစ်မကြီး အေးသီတာ ရဲ့မွေးနေ့လေးမှာပါ " ဆိုပြီး မအေးသီတာရဲ့မွေးနေ့ပွဲက အမှတ်တရပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ မနေ့ကကျရောက်တဲ့ မအေးသီတာရဲ့မွေးနေ့လေးမှာတော့ သင်ဇာ၊ ညီထွဋ်ခေါင်၊ ကြူကြူသင်းတို့က အမှတ်တရ Suprise ပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography

လူစုံတက်စုံနဲ့ ပျော်ရွှင်စရာကောင်းလွန်းတဲ့ မွေးနေ့ပွဲလေးကြောင့် မအေးသီတာတစ်ယောက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေခဲ့တာ ဖြစ်ပါတယ်။ သင်ဇာတို့အနုပညာရှင်တစ်စုကလည်း မအေးသီတာရဲ့မွေးနေ့ပွဲလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူဆင်နွှဲခဲ့ကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မအေးသီတာရဲ့မွေးနေ့ပွဲလေးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Thin Zar Wint Kyaw's FB & Aye Thida"s FB;

Photo Credit-Amazing Grace Photography;

Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography
Photo Credit-Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။