ကုမ္ပဏီ ရေရှည်တည်တံ့ရေးနှင့် အောင်မြင်တိုးတက်ဖို့အတွက် ကုမ္ပဏီပိုင်ရှင်မှစ၍ အောက်ခြေဝန်ထမ်း တစ်ဦး၊ တစ်ယောက်ချင်းစီမှာ တာဝန်ကိုယ်စီရှိကြပါတယ်.....။ ကုမ္ပဏီအတွက် လိုအပ်ချက်၊ စီမံခန့်ခွဲမှုအထွေထွေကို အထက်လူကြီးတွေက တာဝန်ယူဆောင်ရွက်ရပြီး၊ လက်အောက်ငယ်သား၊ အောက်ခြေဝန်ထမ်းတွေက ကုမ္ပဏီရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ ပြောကြားချက်တွေကို လိုက်နာဆောင်ရွက်ရပါတယ်...။ ဒါက ကုမ္ပဏီတိုင်းရဲ့ သမာရိုးကျ လုပ်ရိုးလုပ်စဉ်တစ်ခုပဲဖြစ်ပါတယ်...။

Photo Credit pngtree

ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လိုအပ်ချက်တွေကို လိုက်နာဆောင်ရွက်ပေမယ့် အလုပ်သဘောအတိုင်း လည်ပတ်သွားမည်ဆိုရင်လည်း တစ်ခါတစ်လေမှာ ထင်ထားသလောက် တိုးတက်မှုမရှိတာတွေ ဖြစ်တတ်ပါတယ်....။ ဒါကြောင့်မလို့ နောက်ပိုင်း ပွင့်လင်းကာလတွေမှာ ကုမ္ပဏီတော်တော်များများက "family type" ဆိုပြီး မိသားစု ပုံစံမျိုးသွားကြတာဖြစ်ပါတယ်...။ ထိုကဲ့သို့ နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုအဖြစ် ကုမ္ပဏီကိုလည်ပတ်ခြင်းကြောင့် အထက်လူကြီးက ပေးထားတဲ့ တာဝန်များကို ဝန်ထမ်းများက လျင်လျင်မြန်မြန်ပျော်ရွှင်စွာ လုပ်ဆောင်နိုင်သလို၊ အထက်လူကြီးများကလည်း "ဆွေးမျိုးသားချင်းပမာ" ဂရုဏာသက်ပြီး အလုပ်တာဝန်တွေကို ပေးအပ်နိုင်မှာပဲဖြစ်ပါတယ်...။

Photo Credit pngtree

ထိုကဲ့သို့ ကုမ္ပဏီဝန်ထမ်းအချင်းချင်း နွေးထွေးတဲ့ ရင်းနှီးမှုတွေရရှိအောင် "Birthday Wishes" ပြုလုပ်ပေးခြင်းက ကောင်းမွန်သော နည်းလမ်းတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်....။ အချို့သော ကုမ္ပဏီများမှာဆိုရင် ဝန်ထမ်းတစ်စုံ၊ တစ်ယောက်ရဲ့ မွေးနေ့ရောက်ဖို့ မတိုင်မီကပင် ကြိုပြီး "Birthday Wishes" လုပ်ဖို့အတွက် အထက်လူကြီးမှစ၍ ဝန်ထမ်းအားလုံးစုပြီး surprises ဖြစ်သွားအောင်"Birthday Cakes" စီစဉ်ပြုလုပ်ပေးတာမျိုးတွေရှိပါတယ်....။ ထိုကဲ့သို့ "Birthday Wishes"ကို အပြန်အလှန်လုပ်ပေးခြင်းဖြင့် ကုမ္ပဏီကြီးတွေမှသာမက၊ အစိုးရဌာနများမှာပါ သင့်မြတ်တဲ့ ဆက်ဆံရေးနဲ့ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ပြီး လျက်မြန်စွာ ဖွံ့ဖြိုးတက်မှုအတွက် ပို၍အဆင်ပြေချောမွေ့ စေမှာဖြစ်ပါတယ်...။

Photo Credit pngtree

Photo Credit pngtree
Photo Credit Tina Phyo facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။