(၁) မနေ့တစ်နေ့က စချစ်ခဲ့သလို ဂရုစိုက်ပေးပါ

အချိန်ကြာလာရင် စုံတွဲတွေဟာ သူတို့ချစ်သူတွေစဖြစ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်ခဲ့ ဂရုစိုက်ခဲ့လဲဆိုတာကိုမေ့နေတတ်ကြပါတယ်။ မနက်တိုင်း Morning ဆိုပြီး ပို့တဲ့messageတောင် တာဝန်တစ်ခုအရလုပ်နေရသလို ခံစားတတ်ကြပါတယ်။ ဒီလိုတွေဖြစ်တာဟာ ကိုယ့်ချစ်သူကိုမချစ်လို့တော့လုံးဝမဟုတ်ပါဘူး။ ဒါတွေပဲနေ့တိုင်းလုပ်နေရလို့ လူ့သဘာဝအရ ပျင်းရိသွားတတ်ရုံပါ။ ဒီတော့ RSတွေရဲ့ စိတ်ထဲမှာ သူ/သူမနဲ့ မနေ့တစ်နေ့က ချစ်သူစဖြစ်ခွင့်ရသလိုမျိုး သဘောထားလိုက်ဖို့လိုပါတယ်။ ဒါမှ ဒီတစ်ယောက်နဲ့ ချစ်သူဖြစ်ခွင့်ရတာ ကံကောင်းတယ်လို့အမြဲခံစားမိမှာပါ။ ဥပမာအနေနဲ့ မနက်စာပြင်ပေးတာတွေ၊ ဖုန်းဆက်နှိုးတာတွေ၊ မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး ပြောတတ်ဆိုတတ်ရတာတွေ စတာတွေကတည်မြဲတဲ့ Relationshipတစ်ခုမှာရှိသင့်တဲ့ အရာလေးတွေပါပဲ။ ဒါမှ သူ့ရဲ့ ယုံကြည်မှုတွေကလည်း ကိုယ့်အပေါ်မှာအပြည့်ရှိနေမှာပါ။

Photo Source : Pngtree

(၂) သူ့အတွက် သီးသန့်အချိန်လေးတစ်ခုပေးလိုက်ပါ

အလုပ်တွေအကိုင်တွေနဲ့ဖြစ်လာတဲ့အခါ အရင်ကလို အချိန်ပြည့်မတွေ့နိုင်တော့တဲ့အခါ တစ်ပတ်မှာတစ်ရက် ဒါမှမဟုတ်ရင် အချိန်တစ်ခုလောက်သတ်မှတ်ပြီး ကိုယ့်ချစ်သူအတွက်အချိန်ပေးလိုက်ပါ။ အလုပ်ကိစ္စအကြောင်းတွေ ဇာတ်ကားအကြောင်းတွေ ဟိုဟိုဒီဒီတွေ အရမ်းမပြောဘဲ ဒီတစ်ပါတ်အတွင်း/ မတွေ့ရတဲ့အချိန်တွေမှာဘယ်လိုလွမ်းခဲ့လဲဆိုတာကိုတွေ့တိုင်း ပြောပြပါ။ပြီးရင် အနာဂတ်အတွက် တိုင်ပင်ပါ။ သူနဲ့ဖုန်းပြောတဲ့အချိန်ကိုလည်း သီးသန့်လေးထားပေးပါ။ ( မဟုတ်ရင် ဂိမ်းဆော့နေတဲ့အချိန်နဲ့တိုးရင်ကွိုင်တတ်ပါတယ်) တက်တက်ကြွကြွလန်းလန်းဆန်းဆန်းနဲ့ဖုန်းပြောပါ။ ဒါဆို ဖုန်းချတိုင်း ရန်မဖြစ်ဘဲ ကြည်ကြည်နူးနူးနဲ့အဆုံးသတ်ရပါလိမ့်မယ်။

Photo Source : Pngtree

(၃) တစ်ခုခုဆို တခြားလူတွေနဲ့ ယှဉ်ယှဉ်ပြီးမပြောပါနဲ့!!!

အဓိကကတော့ ရန်မဖြစ်အောင်ကြိုးစားပါ။ ရန်ဖြစ်တဲ့အခါ လူဆိုတာလည်း ဒေါသနဲ့မို့ ကိုယ့်ချစ်သူ အခြားသူတစ်ယောက်နဲ့ ယှဉ်ယှဉ်ပြီး စကားနိုင်လုပြောတတ်ပါတယ်။ သည်းခံနိုင်ရင်တော့ တော်သေးပေမယ့် သည်းမခံနိုင်တဲ့အခါတော့ အဆုံးသတ်ဖို့နီးစပ်နေပါပြီ။ ကိုယ်နဲ့အခြားတစ်ယောက်ကိုယှဉ်ပြီးအပြောခံရတာဟာ လူတစ်ယောက်အတွက် အနာဆုံးစကားတွေထဲကတစ်ခုလည်းဖြစ်တာကြောင့် ကိုယ်မြတ်မြတ်နိုးနိုးနဲ့ ချစ်တယ်လို့ပြောထားတဲ့ သူတစ်ယောက်ကို ဘယ်တော့မှဒီလိုမပြောမိပါစေနဲ့နော်။ (သို့ပေမယ့် သူတို့ကြိုက်တဲ့ မင်းသား/မင်းသမီးတွေနဲ့ ယှဉ်ပြီး ချီးကျူးတဲ့အချိန်တော့ ပြုံးပြုံးကြီးနဲ့ ပျော်ပျော်ကြီးဖြစ်နေတတ်တာလည်း Logicတစ်ခုပါ)

ကဲ...ဒီတော့..Rsတစ်ခုကို ဘယ်လိုရေရှည်တည်တံ့အောင်လုပ်မလဲဆိုတာက ကာယကံရှင် ပရိတ်သတ်တို့အပေါ်မှာပဲ မူတည်တာမို့ Rsတွေအတွက်အကျိုးရှိမယ့် အချက်လေးအချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ချစ်ပရိတ်သတ်တို့လည်း ပျော်ရွှင်စရာကောင်းတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ....

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။