မင်းသမီးချောလေး မိုးဟေကိုကတော့ မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာဟာ ဆယ်စုနှစ်ကျော်ကတည်းက အောင်မြင်မှုတွေရရှိနေခဲ့တာ ဖြစ်ပါတယ်။ ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ အပြည့်အဝအားပေးချစ်ခင်ခြင်းခံရတဲ့ မိုးဟေကိုက မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

Photo Credit-Aung Kyaw Tun
Photo Credit-Aung Kyaw Tun
Photo Credit-Aung Kyaw Tun

အနုပညာအလုပ်တွေကို အချိန်တစ်ခုကြာအောင် ရပ်နားထားခဲ့တဲ့ မိုးဟေကိုက မကြာသေးခင်ကမှ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနှစ်ပိုင်းမှာတော့ မိုးဟေကိုအနေနဲ့ ပွဲအခမ်းအနားတော်တော်များများကို တက်ရောက်နေရပြီး သူမရဲ့လှုပ်ရှားမှုပုံရိပ်တွေကိုလည်း လူမှုကွန်ယက်စာမျက်နှာကနေ အမြဲလိုလိုတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit-Aung Kyaw Tun
Photo Credit-Aung Kyaw Tun
Photo Credit-Aung Kyaw Tun

အခုလည်း မိုးဟေကိုရဲ့ Official Facebook Page ကနေပြီး သူမရဲ့အလှပုံရိပ်အသစ်လေးတွေကို တင်ထားတာ တွေ့ရပါတယ်။ အနက်ရောင်ဖက်ရှင်နဲ့ လှနေတဲ့ မိုးဟေကိုက ''Confidence Has No Competition'' ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ပုံလေးတွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးဟေကိုရဲ့အလှပုံရိပ်အသစ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Moe Hay Ko's Facebook;

Photo Credit-Aung Kyaw Tun;

Photo Credit-Aung Kyaw Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။