ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အဆိုတော်သရုပ်ဆောင်မင်းသမီးချော နန်းမြတ်ဖြိုးသင်းကတော့ မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်နေသလို ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကိုလည်း မကြာသေးခင်ကမှ မွေးဖွားပိုင်ဆိုင်ပြီး မိသားစုဘဝလေးကို ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်..။


Photo - Nann Myat Phyo Thinn Fb
Photo - Nann Myat Phyo Thinn Fb

ပြီးခဲ့တဲ့ လပိုင်းလောက်ကမှ သားလေးရဲ့ ရက်(၁၀၀)ပြည့် မွေးနေ့လေးနဲ့ နာမည်ကင်ပွန်းတပ်ပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပြီး သားလေးရဲ့ နာမည်လေးကိုလည်း “ခွန်ဘုန်းသုဒ္ဓ” ဆိုပြီး နာမည်လေး ပေးခဲ့ပါတယ်..။

နန်းမြတ်လေးကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေနဲ့ မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း သားလေးရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ထပ်မံမျှဝေထားတာ တွေ့ရပါတယ်..။


Photo - Nann Myat Phyo Thinn Fb
Photo - Nann Myat Phyo Thinn Fb

Baby Spa မှာ ရေကူးဆော့ကစားနေတဲ့ သားလေးဂျက်ဂျက်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း သူမရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေထားတာဖြစ်ပါတယ်..။

ပရိသတ်တွေအားပေးမှုတွေနဲ့ အချစ်တွေကို သိမ်းပိုက်ထားသလို နန်းမြတ်ရဲ့ သားလေး ဂျက်ဂျက်လေးကလည်း ပရိသတ်တွေက ချစ်ခင်ကြတာ တွေ့ရတာမို့ ဂျက်ဂျက်လေး ရေကူးနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေထားတာပါ..။

Photo - Nann Myat Phyo Thinn Fb
Photo - Nann Myat Phyo Thinn Fb

Photo - Nann Myat Phyo Thinn Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။