ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်မင်းသားချောကတော့ မြင့်မြတ်ပဲ ဖြစ်ပါတယ်နော်..။

ပီပြင်တဲ့ဇာတ်ရုပ်တွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ အားပေးမှုတွေအပြင် အကယ်ဒမီထူးချွန်ဆုတွေကိုပါ ရရှိထားတဲ့ ထိပ်တန်း အနုပညာရှင်မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်..။

Photo - Myat Wai Tun Fb
Photo - Myat Wai Tun Fb

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်ဇနီးချောလေးအပြင် သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး မိသားစုဘဝလေးကို ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

အနုပညာလှုပ်ရှားမှုတွေအပြင် မိသားစုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိတဲ့ မြင့်ုမတ်ကတော့ အခုတစ်ခုမှာလည်း မနက်ခင်းလေးကို မိသားစုနဲ့အတူ အေးချမ်းစွာ ဖြတ်သန်းနေတဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပြန်ပါတယ်..။

Photo - Myat Wai Tun Fb
Photo - Myat Wai Tun Fb

မနက်ခင်းလေးကို ပကာသနကင်းကင်း အေးချမ်းစွာဖြတ်သန်းရင်း မိသားစုလိုက် ခိုစာကျွေးကုသိုလ်ယူနေကြတဲ့ မြင့်မြတ်တို့မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို တပည့်ဖြစ်သူမြတ်ဝေထွန်းက ပရိသတ်တွေကို မျှဝေထားတာုဖစ်ပါတယ်..။

ပရိသတ်တွေ အားကျရတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတဲ့ မြင့်မြတ်တို့ရဲ့ ခိုစာကျွေးကုသိုလ်ယူနေကြတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - Myat Wai Tun Fb
Photo - Myat Wai Tun Fb

Photo - Myat Wai Tun Fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။