အူဝဲလို့ အများကချစ်စနိုးခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ ပြည်သူတွေချစ်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင်ဒွေး၊ သရုပ်ဆောင် ထက်ထက်မိုးဦးတို့နဲ့ တစ်ခေတ်တည်းပေါ်ပေါက်ခဲ့တဲ့ အိန္ဒြာကျော်ဇင်က ယနေ့အချိန်အထိ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင် ပြေတီဦးနဲ့အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit -Amazing Grace Photography
Photo Credit -Eaindra Kyaw Zin's FB

လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်က အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသလို သားနဲ့သမီးကိုလည်း စောင့်ရှောက်နေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ အိန္ဒြာကျော်ဇင်တစ်ယောက် ပွဲအခမ်းအနားလေးတွေ တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာလည်း အိန္ဒြာကျော်ဇင်က သူမရဲ့ပရိသတ်တွေအတွက် ပုံအသစ်လေးတွေကို တင်ပေးထားပါတယ်။

Photo Credit -Eaindra Kyaw Zin's FB
Photo Credit -Eaindra Kyaw Zin's FB

အိန္ဒြာကျော်ဇင်က ''Hellooooo! “Blind for Lu” နဲ့ Saturday mood ပေါ့ #saturdaymood #cerious#blindforluဪ... live ပေးဖို့တောင်းဆိုထားတဲ့ ချစ်သူများအတွက် ဒီည ၇:၀၀နာရီမှာ ဒီpageကိုလာခဲ့နော် လို့....'' ဆိုပြီးလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြောထားပါသေးတယ်။ အိန္ဒြာကျော်ဇင်က လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ လွတ်လပ်ပေါ့ပါးစွာလှနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Photo Credit -Eaindra Kyaw Zin's Facebook;

Photo Credit -Eaindra Kyaw Zin's FB
Photo Credit -Eaindra Kyaw Zin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။