မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ''ပန်းနုသွေး'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း မေမြင့်မိုရ်က ''ပုဂံမြို့သူ၊ အရိပ်'' စတဲ့ဇာတ်လမ်းတွဲလေးတွေကို ထပ်မံရိုက်ကူးခဲ့ပါတယ်။ အခုချိန်မှာတော့ မေမြင့်မိုရ်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ခေါင်းဆောင်မင်းသမီးအဖြစ် ဆက်တိုက်ရိုက်ကူးလာရတာပဲ ဖြစ်ပါတယ်။

Photo Credit - May Myint Mo's Facebook;
Photo Credit - May Myint Mo's Facebook;
Photo Credit - May Myint Mo's Facebook;
Photo Credit - May Myint Mo's Facebook;

ချစ်ရတဲ့ပရိသတ်တွေအတွက် သူမရဲ့လှုပ်ရှားမှုလေးတွေ အမြဲမျှဝေပေးလေ့ရှိတဲ့ မေမြင့်မိုရ်က အခုလည်း ခရီးသွားပုံရိပ်လေးတွေကို တင်ပေးထားပါတယ်။ လက်ရှိမှာ မေမြင့်မိုရ်က ချစ်ရတဲ့ဖေဖေ၊မေမေ၊ မောင်လေးတို့နဲ့အတူ မိသားစုတွေစုံစုံလင်လင်နဲ့ ဥရောပကိုခရီးထွက်နေတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်တို့မိသားစုလေးကတော့ ဥရောပခရီးစဉ်လေးမှာ ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။

Photo Credit - May Myint Mo's Facebook;
Photo Credit - May Myint Mo's Facebook;
Photo Credit - May Myint Mo's Facebook;

မေမြင့်မိုရ်က ''ကမ္ဘာ့အသေးဆုံးနိုင်ငံ Vatican City Europe2019Trip'' ဆိုပြီး အမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်တို့မိသားစုလေးက ဥရောပခရီးစဉ်လေးမှာ နိုင်ငံစုံအောင် လည်ပတ်ရင်း ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေမြင့်မိုရ်နဲ့ သူမမိသားစုလေးရဲ့ ခရီးသွားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - May Myint Mo's Facebook; 

Photo Credit - May Myint Mo's Facebook;
Photo Credit - May Myint Mo's Facebook;
Photo Credit - May Myint Mo's Facebook;
Photo Credit - May Myint Mo's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။