ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ မြင့်မြတ်၊ မိုးအောင်ရင်နဲ့ မင်းသမီးချောရွှေမှုံရတီတို့ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ သူတို့အချစ်တော်သုံးယောက်ကတော့ လတ်တလောမှာလည်း ဇာတ်ကားတွေ အတူရိုက်ကူးနေကြပါတယ်..။

Photo - Moe Aung Yin Fb
Photo - Myat Wai Tun Fb ၊ Moe Aung Yin Fb

ဒါရိုက်တာနေပိုင် ရိုက်ကူးပုံဖော်နေတဲ့ "အောက်စီဂျင်"ဆိုတဲ့ ရုပ်ရှပ်ဇာတ်ကားကြီးကို ရိုက်ကူးနေကြတာဖြစ်ပြီး ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကိုလည်း ပရိသတ်တွေကို မျှဝေလေ့ရှိကြတာ တွေ့ရပါတယ်..။

မိုးအောင်ရင်ရဲ့ ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို မြင့်မြတ်နဲ့ ရွှေမှုံရတီတို့လည်း ပါဝင်သရုပ်ဆောင်နေတာမို့ ပရိသတ်တွေကလည်း စိတ်ဝင်တစားအားပေးနေကြတာပါ..။

Photo - Myat Wai Tun Fb
Photo - Myat Wai Tun Fb
Photo -၊ Moe Aung Yin Fb

မြင့်မြတ်ရဲ့ တပည့်ဖြစ်သူ မြတ်ဝေထွန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေလိုက်တဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျစေပါတယ်..။

အခုတစ်ခါမှာတော့ အချစ်တော်လေးသုံးယာက်ရဲ့ ရိုက်ကွင်းအမှတ်တရပုံရိပ်လေးတေံးွကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Photo - Moe Aung Yin Fb
Photo - Myat Wai Tun Fb
Photo - Myat Wai Tun Fb

Photo - Myat Wai Tun Fb ၊ Moe Aung Yin Fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။