ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ သြဂုတ်လ(၂၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေဘောလုံးပွဲနဲ့ ဖျော်ဖြေပွဲလေးကို ပရိသတ်တွေတော်တော်များများ အားပေးခဲ့ကြတာ တွေ့ရပါတယ်နော်..။

ရေဘေးသင့်ပြည်သူတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ ပွဲလေးဖြစ်သလို အနုပညာရှင်များစွာလည်း ပါဝင်ခဲ့ကြပြီး ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲလေးပဲ ဖြစ်ပါတယ်နော်..။

Photo - Wai Min Maung Fb
Photo - Wai Min Maung Fb
Photo - Htin Aung Tun Fb

အခုတစ်ခါမှာလည်း ရံပုံငွေဘောလုံးပွဲနဲ့ ဖျော်ဖြေပွဲမှ ရရှိခဲ့တဲ့ အလှူငွေသိန်း (၅၆၀) ကျပ်ကို မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်..။

မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများကို လှူဒါန်းနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာကို လွဲှပြောင်းလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

Photo - Htin Aung Tun Fb
Photo - Wai Min Maung Fb
Photo - Wai Min Maung Fb

သွားရောက်လှူဒါန်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေလည်း ကြည်နူးပီတိလေးတွေဖြစ်စေကြဖို့ ပြန်လည်မျှဝေထားကြတာလည်း တွေ့ရပါတယ်..။

မင်းသားချောထွန်းထွန်းကလည်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ "ရံပုံငွေဘောလုံးပွဲမှ ရရှိလာသော

သိန်း ၅၆၀ အား ရေဘေးသင့်ပြည်သူများအတွက်

လျှူဒါန်း

နတ်လူ သာဓုခေါ်စေသော်ဝ်.." ဆိုပြီး ဆုတောင်းမေတ္တာစကားလေးနဲ့အတူ မျှဝေထားတာ တွေ့ရပါတယ်..။

Photo - Wai Min Maung Fb၊ Htin Aung Tun Fb
Photo - Wai Min Maung Fb

Photo - Wai Min Maung Fb၊ Htin Aung Tun Fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။