"လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ပါစရိယ မိနဲ့ဖ" ဆိုတဲ့ လူကြီးသူမတွေရဲ့ ဆုံးမသြဝါဒစကားလေးက အဓိပ္ပါယ် ပြည့်ဝလေးနက်လွန်းတာဖြစ်ပါတယ်....။ သားကောင်းရတနာ၊ သမီးကောင်းရတနာတွေ ဖြစ်လာအောင် အဓိက ပဲ့ကိုင်ရှင်တွေဖြစ်ကြတဲ့ အဖေနဲ့ အမေရဲ့ ဆုံးမမှုတာဝန်က အလွန်ပင် အရေးပါအရာရောက်လှပါတယ်....။ ငယ်စဉ်တောင်ကြေးဘဝကတည်းက မိမိရဲ့ ကလေးတွေကို ရင်အုတ်မကွာ စနစ်တကျနဲ့ ပြုစုစောင့်ရှောက်ရမှာဖြစ်ပြီး မူကြိုပို့ရုံ၊ ကျောင်းပို့လိုက်ရုံနဲ့ လွှတ်မထားသင့်ပါဖူးနော်.....။

Photo Credit pngtree

မိဘများက မိမိရဲ့သားနဲ့ သမီး တစ်ဦးချင်းစီရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စအဝဝကို တတ်နိုင်သမျှ လိုလေသေးမရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်...။ ခင်ပွန်းနှင့် ဇနီးသည်နှစ်ဦးစလုံး စီးပွားထွက်ရှာတဲ့ မိသားစုမျိုးတွင် သား၊သမီးတွေကို အချိန်မပေးနိုင်သလိုဖြစ်ပြီး ဂရုမစိုက်တော့သလို၊ ပစ်ထားသလိုမျိုး ကလေးတွေရဲ့ စိတ်ထဲတွင်ဖြစ်နိုင်ပါတယ်...။ ဒါကြောင့်မလို့ ရသလောက်အချိန်လေးမှာ အိမ်စာတွေကူလုပ်ပေးတာမျိုး၊ အဟာရဖြစ်မယ့် အစားစာတွေကို စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ်ကျွေးမွေးတာမျိုးတွေ ပြုလုပ်ပေးရမှာဖြစ်ပါတယ်....။

Photo Credit pngtree

ကလေးတွေ အသက်အရွယ်ကြီးပြင်းလာတဲ့ အခါမှာ မိဘနဲ့သားသမီးကြား သင့်မြတ်တဲ့ ဆက်ဆံရေးဖြစ်ဖို့က တစ်ကယ့်ကို အရေးကြီးပါတယ်...။ မိဘများအနေနဲ့ သားသမီးတွေအပေါ် ကိုယ်ဖြစ်စေချင်တာတွေထက် သူတို့လေးတွေဖြစ်ချင်တာကို နည်းစနစ်ကျကျ အတတ်နိုင်ဆုံးလိုက်လျောပေးရမှာဖြစ်ပြီး၊ သားသမီးများကလည်း မိဘကျေးဇူးကို သိတတ်အားလျော်စွာ ကိုယ့်ဆန္ဒကိုရှေ့တန်းမတင်ဘဲ ဘဝအတွက် လုပ်သင့်လုပ်ထိုက်တွေကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်....။ ထမင်းဝိုင်းလေးမှာ လက်ရေတပြင်တည်း မြိန်ရေရှက်ရေစားသောက်ခြင်းဖြင့် မိဘနဲ့ သားသမီးကြားက နွေးထွေးသင့်မြတ်တဲ့ဆက်ဆံရေးကို Upgrade မြှင့်လိုက်ကြရအောင်နော်......။

Photo Credit pngtree 

Photo Credit pngtree
Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။