အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေအဖြစ် အောင်မြင်ကျော်ကြားနေတဲ့သူတွေထဲမှာတော့ သရုပ်ဆောင် လူမင်း၊ သရုပ်ဆောင် ပြေတီဦး၊ သရုပ်ဆောင် ခိုင်သင်းကြည် ၊ သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့က ထိပ်ဆုံးမှာ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ သူတို့အားလုံးက နှစ်အတော်ကြာအောင် အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ကြပြီး အကယ်ဒမီဆုတွေကိုလည်း အသီးသီးဆွတ်ခူးနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

Photo Credit -Amazing Grace Photography
Photo Credit -Amazing Grace Photography

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု အပြည့်အဝ ရရှိထားတဲ့ မခိုင်လေးတို့အနုပညာရှင်တစ်စုက မနေ့ကတော့ လူစုံတက်စုံနဲ့ Facebook မှာ Live လွှင့်ခဲ့ကြပါတယ်။ Live လွှင့်တဲ့အခါမှာတော့ လူမင်း၊ ပြေတီဦး၊ အူဝဲ၊ မခိုင်လေး၊ ထက်ထက်ထွန်းတို့က ပရိသတ်တွေနဲ့ရင်းရင်းနှီးနှီး စကားပြောခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် မခိုင်လေးတို့က အချင်းချင်းအပြန်အလှန် စနောက်ရင်း ဟာသတွေလည်းပြောဖြစ်ခဲ့ကြပါသေးတယ်။

Photo Credit -Eaindra Kyaw Zin's FB
Photo Credit -Khine Thin Kyi 's FB
Photo Credit -Htet Htet Htun's FB

ဒီ Live ဗီဒီယိုလေးမှာတော့ လူမင်းက မကြာခင်မှာ ပရိသတ်တွေနဲ့စတင်မိတ်ဆက်ပေးမယ့် ''ညစ်တွန်း'' ရုပ်ရှင်ဇာတ်ကားကြီးအကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ပျော်ပျော်နေတတ်တဲ့ မခိုင်လေးတို့အနုပညာရှင်တစ်စုက အချင်းချင်း ဟာသတွေပြောကာ ရယ်မောပျော်ရွှင်နေကြတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ မခိုင်လေးတို့အနုပညာရှင်တစ်စုရဲ့ Live ဗီဒီယိုဖိုင်လေးကိုလည်း အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Video-Khine Thin Kyi's Facebook; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။