တေးသံစဉ်တွေဆိုတာဟာ လူသားတိုင်းရဲ့ နှလုံးသားကိုနူးညံ့ပျော့ပြောင်းပြီး စိတ်ခံစားချက်တွေကိုပေါ်ထွက်လာအောင်လုပ်ပေးနိုင်တဲ့အကောင်းဆုံးအရာပါပဲနော်။ စိတ်ရောဂါဆိုင်ရာကုထုံးတွေမှာလည်း ဒီလို သံစဉ်တွေနဲ့ ကုစားမှုတွေကို အခုနောက်ပိုင်း များစွာသုံးလာကြပါပြီနော်။ ဒါကြောင့် ချစ်ရတဲ့ ပရိတ်သတ်တွေ စိတ်ဓာတ်ကျတဲ့အခါ စိတ်ညစ်တဲ့အခါ ပြီးတော့ စိတ်ဖိစီးမှုတွေများတဲ့အချိန်အခါမျိုးမှာ ဘယ်လို သီချင်းတွေကိုအများဆုံးနားထောင်သင့်သလဲ? သံစဉ်တွေနဲ့ စိတ်ကိုကုစားရမလဲဆိုတာကို ပြောပြပေးပါမယ်နော်။

(၁) ခပ်မြူးမြူးသီချင်း (သို့) စိတ်ဓာတ်တက်ကြွစေမယ့်သီချင်းတွေကိုနားထောင်ပါ

လူတစ်ယောက်နဲ့တစ်ယောက် သီချင်းတွေကိုခံစားပုံချင်းမတူကြပါဘူး။ တစ်ချို့က စာရေးရင်ပဲဖြစ်ဖြစ် အလုပ်လုပ်နေရင်ပဲဖြစ်ဖြစ် Gymဆော့နေရင်ပဲဖြစ်ဖြစ် ခပ်မြူးမြူးသီချင်းလေးတွေဖွင့်ပြီးလုပ်လေ့ရှိပါတယ်။ အချို့ကတော့ စိတ်ခွန်အားတွေပေးတဲ့ သီချင်းတွေကို နားထောင်တတ်တဲ့အကျင့်ရှိပါတယ်။ ဒီလိုနားထောင်တတ်တဲ့အလေ့အကျင့်လေးတွေက စိတ်ဓာတ်ကျတဲ့အချိန်မှာအရမ်းအသုံးဝင်ပါတယ်နော်။ ခပ်မြူးမြူးသီချင်းတွေထဲမှာဆိုရင် အနောက်တိုင်း EDM musicတွေနားထောင်သင့်ပြီးတော့ စိတ်ဓာတ်ခွန်းအားပေးတဲ့အနေနဲ့ဆိုရင် စားသားတစ်လုံးချင်းနဲ့ ရင်ထဲထိမိတဲ့ ခပ်အေးအေးသံစဉ်တွေကိုနားထောင်သင့်ပါတယ်။ ဘာပဲနားထောင်နားထောင် အရေးကြီးဆုံးက ရင်ဘက်နဲ့ခံစားပါ။ ပြီးရင် ပါးစပ်ကလိုက်ဆိုပါ။ Depression တွေသိသိသာသာလျော့ကျသွားမှာပါ။

Photo Source: pngtree

(၂)ကလေးသီချင်းတွေနားထောင်ပါ

ကလေးတွေနားထောင်တတ်တဲ့ သီချင်းလေးတွေဟာလည်း ပုံမှန်အချိန်မှာ ဘာမှမထူးခြားဘူးလို့ ထင်ရပေမယ့် စိတ်ဓာတ်ကျနေတဲ့အချိန်လေးတွေမှာတော့ စိတ်ကို ပျော်ရွှင်စေပါတယ်။ ငယ်ဘဝကိုအမှတ်ရသွားစေနိုင်တဲ့အတွက် ကလေးဘဝရဲ့ လွတ်လပ်တဲ့ ခံစားချိန်တွေကို ကောင်းကောင်းကြီး ပြန်ရနိုင်ပါတယ်နော်။ ဒီနည်းလမ်းကလည်း သင့်ရဲ့ Depression တွေကိုလျော့ချဖို့အတွက် အသုံးဝင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

Photo Source: pngtree

(၃)တီးလုံးချည်းသီးသန့်နားထောင်ပါ..

ဒီနည်းလမ်းဟာ ပြောခဲ့သမျှအချက်တွေထဲမှာ အကောင်းဆုံးနည်းလမ်းတစ်ခုဆိုရင်လည်းမမှားပါဘူးနော်။ သီချင်းစာသားမပါတဲ့ သံစဉ်တစ်ခုကိုနားထောင်မယ်ဆိုရင် စိတ်ဓာတ်ကျနေသူတစ်ယောက်အဖို့အမျိုးမျိုးတွေးပြီး ခံစားလို့ရပါတယ်။ ဒါကြောင့် တီးလုံးသံအလွင့်လေးတွေ သာယာတဲ့ Instrumental Beatလေးတွေဟာ သင့်စိတ်ခံစားချက်ကို လုံးဝပြောင်းလဲပေးနိုင်ပါတယ်။ မျက်စိလေးမှိတ် နှလုံးသားကိုဖွင့်ကာ သာယာတဲ့သံစဉ်ကောင်းကောင်းလေးတစ်ပုဒ်ကိုနားထောင်ဖြစ်မယ်ဆိုရင် လွတ်လပ်ပေါ့ပားတဲ့ စိတ်ခံစားချက်တွေကိုလုံးဝရရှိနိုင်ပါတယ်။ ပြဿနာတစ်ခုကိုဖြေရှင်းဖို့လည်းခေါင်းအေးအေးနဲ့တည်ငြိမ်တဲ့သူတစ်ယောက်ဖြစ်အောင် မိနစ်ပိုင်းအတွင်း ပြောင်းလဲပေးနိုင်ပါတယ်။ သံစဉ်တွေကို လိုက်ခံစားဖို့တော့ လို့တာပေါ့နော်။ ဒီလုံး သံစဉ်အလွတ်တွေကလည်း Youtubeလိုနေရာမျိုးမှာ အများအပြားရှိတာမို့ လွယ်လွယ်ကူကူပဲစိတ်ကိုကုသလို့ရပါတယ်။

ကဲ... ဒီနေ့တော့ ချစ်ပရိတ်သတ်တွေအတွက် အလွယ်တကာ့ အလွယ်ကူဆုံးနည်းလမ်းတွေနဲ့ စိတ်ကိုကုသပြီး Depression တွေကို ဖယ်ထုတ်နိုင်ဖို့ရည်ရွယ်ကာ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေဟာ စိတ်ဓာတ်မကျတဲ့အချိန်တွေမှာလည်း အသုံးပြုနိုင်ပြီးတော့ နေ့စဉ်လုပ်ဖြစ်မယ်ဆိုရင် နေ့တိုင်းဟာ စိတ်လက်ပေါ့ပါးပြီးဆောင်သမျှ အောင်နိုင်မယ်ဆိုတာအသေအချာပါပဲလို့ ဆိုလိုက်ပါရစေ ချစ်ပရိတ်သတ်တို့ရေ...

Photo Source: pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။