အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ဗီဒီယိုဇာတ်ကားလေးတွေ အများဆုံးရိုက်ကူးပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာနဲ့အတူလက်တွဲပြီး တေးသီချင်းတွေလည်း ထွက်ရှိခဲ့တဲ့ နန်းမြတ်ဖြိုးသင်းက ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းမြတ်ဖြိုးသင်းက အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။

Photo Credit -Nan Myat Phyo Thin's FB;
Photo Credit -Nan Myat Phyo Thin's FB;
Photo Credit -Nan Myat Phyo Thin's FB;

ကလေးတစ်ယောက်မေမေဖြစ်သွားပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက အခုဆိုရင် သားလေးကိုဂရုတစိုက်နဲ့ ပြုစုပေးရင်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သူမတို့မိသားစုရဲ့အမှတ်တရပုံလေးတွေကို မကြာခဏတင်လေ့ရှိတဲ့ မေမေနန်းမြတ်က အခုလည်း ပုံအသစ်လေးတွေကို မျှဝေထားပါတယ်။ နန်းမြတ်က သူမရဲ့ Facebook Acc ကနေ ခင်ပွန်းနဲ့သားလေးရဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit -Nan Myat Phyo Thin's FB;
Photo Credit -Nan Myat Phyo Thin's FB;
Photo Credit -Nan Myat Phyo Thin's FB;

နန်းမြတ်ဖြိုးသင်းက ''My two loves #Daddy_Son'' ဆိုပြီး ဖေဖေ့ရင်ခွင်ထဲမှာ မျက်လုံးအဝိုင်းသားလေးနဲ့ လိုက်ကြည့်နေတဲ့သားလေးရဲ့ပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့ခင်ပွန်းနဲ့သားလေးကိုကြည့်ပြီး ကြည်နူးနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းမြတ်ဖြိုးသင်းတို့မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Nan Myat Phyo Thin's FB;

Photo Credit -Nan Myat Phyo Thin's FB;
Photo Credit -Nan Myat Phyo Thin's FB;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။