ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်ပိုပိုကတော့ တေးသီချင်းကောင်းလေးတွေနဲ့အတူ ပရိသတ်တွေရဲ့ရင်ထဲကိုဝင်ရောက်လာခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ပိုပိုက သူမရင်နဲ့ခံစားပြီး ရေးဖွဲ့သီဆိုထားတဲ့ သီချင်းလေးတွေက ပရိသတ်ရင်ကိုလည်း တိုက်ရိုက်ထိမှန်တာကြောင့် အရမ်းအောင်မြင်ခဲ့ပါတယ်နော်။

Photo Credit:ဝတ် ရည် မိုး's facebook
Photo Credit:ဝတ် ရည် မိုး's facebook

ပိုပိုကတော့ ယနေ့အချိန်ထိလည်း တေးသီချင်းလေးတွေကိုဆက်လက်သီဆိုနေပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေဆဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း ပိုပို့ကို တစ်ခဲနက်အားပေးကြပြီး ချစ်ကြပါတယ်နော်။ပိုပိုက သူမရဲ့အနုပညာကြေးလေးတွေနဲ့လည်း သုံးထပ်တိုက်အိမ်လှလှလေးကို စိတ်ကူးထဲကအတိုင်းဆောက်ထားပါတယ်နော်။

Photo Credit:ဝတ် ရည် မိုး's facebook
Photo Credit:ဝတ် ရည် မိုး's facebook

စိတ်သဘောထားဖြူစင်ပြီး ဖော်ရွေတဲ့သူတစ်ယောက်ဖြစ်လို့ ပိုပို့ကို လူအများကလည်း ချစ်ခင်ကြပါတယ်။အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပိုပိုက အခုဆိုရင်တော့"အသုတ် မင်းကြိုက်တယ်ဆိုရင် သနပ်ခါး လိမ်းထားတဲ့ ကောင်မလေး ၂ ယောက် က အသုတ်သုတ် ကျွေးမှာပေါ့နော် တနင်္ဂနွေ အသုတ်"ဆိုပြီး ချစ်တဲ့ပရိသတ်တွေအမောပြေသွားအောင် သနပ်ခါးလေးနဲ့ အရမ်းလှနေတဲ့ပုံရိပ်လေးကို မျှဝေလာပါတယ်နော်။

Photo Credit:ဝတ် ရည် မိုး's facebook
Photo Credit:ဝတ် ရည် မိုး's facebook

Source:ဝတ် ရည် မိုး's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။