သွန်းဆက်ကတော့ အောင်မြင်နေတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ သွန်းဆက်ကတော့ ထိုင်းနိုင်ငံမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရတဲ့ ဝင်းနဲ့ ဇော်တို့နဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်းကို ပြောပြလာခဲ့ပါတယ်။

photo credit: Thun Sett' sfacebook
photo credit: Thun Sett' sfacebook

သူမကတော့ "လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးစိတ်ဆင်းရဲနေတာပေါ့နော် ဟိုနေ့ကဆို ဝမ်းနဲ့ ဇော်တို့ရဲ့ ဓာတ်ပုံလေးတစ်ပုံတတ်လာတာ သူတို့မိသားစုနမ်းနေတဲ့ပုံလေးမြင်လိုက်ရတဲ့အချိန်မျက်ရည်တောင်ကျတယ် သူတို့ကသူများနိုင်ငံမှာအလုပ်သွားလုပ်ရတာဆိုတော့ အားငယ်မှာပဲလေ ကိုယ့်နိုင်ငံကိုယ့်အမိမြေမဟုတ်တဲ့အတွက် အကုန်လုံးကအားငယ်မှာပဲလေ " ဆိုပြီး myanmar loadtvမှာဖြေကြားထားခဲ့ပါတယ်။

photo credit: Thun Sett' sfacebook
photo credit:Thun Sett' sfacebook

သူမကတော့ "နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေအတွက် လုံခြုံပြီး အေးအေးဆေးဆေးအလုပ်လုပ်လို့ ရအောင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံညှိနှိုင်းပြီး ဆောင်ရွက်စေချင်တယ် " ဆိုပြီး ပြောထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် သွန်းဆက်တစ်ယောက် ထိုင်းမှာ ထောင်ဒဏ်ကျခံနေရတဲ့ ဝင်းနဲ့ ဇော်တို့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောထားတဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source: myanmar load tv

photo credit: Thun Sett' sfacebook
photo credit :Thun Sett' sfacebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။