မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားချော ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အထူးတလည်အားပေးဝန်းရံမှုကို ရရှိထားသူပဲ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောခန့်ညားတဲ့ ပိုင်တံခွန်က အရပ်ရှည်ရှည်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာပါ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit-Paing Takhon's Facebook;
Photo Credit-Paing Takhon's Facebook;

လတ်တလောမှာတော့ ပိုင်တံခွန်တစ်ယောက် ထိုင်းနိုင်ငံကို မကြာခဏသွားရောက်ပြီး ရိုက်ကူးရေးပြုလုပ်နေရတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ တစ်နေ့တစ်ခြား နာမည်ကြီးအောင်မြင်လာတဲ့ ပိုင်တံခွန်ကတော့ နေ့တိုင်းလိုလို ရိုက်ကူးရေးတွေဆက်နေပြီး အလုပ်တွေနဲ့မအားလပ်နေရတာ ဖြစ်ပါတယ်။ အခုလည်း ပိုင်တံခွန်က ဖခင်ဖြစ်သူဆေးစစ်ဖို့အတွက် သူကိုယ်တိုင်ရှာဖွေထားတဲ့အနုပညာကြေးလေးတွေနဲ့ ဦးချကန်တော့နေတဲ့ပုံလေးကို တင်ထားပါတယ်။

Photo Credit-Paing Takhon's Facebook;
Photo Credit-Paing Takhon's Facebook;

ပိုင်တံခွန်က သူရဲ့ My Story မှာ "Snap.. this is for my dad's medical check up I really sorry that I can't join with him because I have to go to travel again tmr'' ဆိုပြီး ပုံလေးနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က အဖေဆေးစစ်ဖို့ ကိုယ်တိုင်လိုက်ပို့ပေးချင်ပေမယ့် သူ့အနေနဲ့ခရီးထွက်ရဦးမှာကြောင့် စိတ်မကောင်းဖြစ်နေရကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန်တို့သားအဖနှစ်ယောက်ရဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Paing Takhon's Facebook;

Photo Credit-Paing Takhon's Facebook;
Photo Credit-Paing Takhon's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။