ယနေ့ခေတ်မှာ ကျွန်တော်တို့ လူငယ်တွေကြား အများဆုံး ကြုံတွေ့နေရတဲ့ ပြသနာကတော့ ရှေ့ဆက်မယ့် အနာဂတ်မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဓာတ်တွေအဆုံးအစွန်အထိ ကျသွားပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘဝကို ဖြစ်သလိုနေလိုက်ကြပါတယ်။ ဒါဟာ တစ်ကယ်တော့ ကိုယ့်ကို ကိုယ်ပြန်ဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ဟာအသက်အရွယ်ကြီးလာလေ တာဝန်ယူမှု တာဝန်ခံမှုတွေ တဖြည်းဖြည်းများလာသလို အခက်အခဲတွေဟာလည်း ပိုပြီး ကြုံတွေ့လာရမှာပါ...

Photo Source : Pngtree

ဒီနေရာမှာ အကောင်းဆုံးလုပ်သင့််တာကတော့ ကိုယ့်ရဲ့ရည်မှန်းချက်ကို လုံးဝအပျက်စီး မခံဖို့ပါပဲ..တစ်ခါတစ်လေမှာ အခြေအနေအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ရည်မှန်းချက်တွေဟာ အကောင်အထည်မဖော်နိုင်တာမျိုးတွေရှိတတ်ပါတယ်။ ဒါပေမယ့်လည်း မိမိရဲ့စိတ်ကိုသာ အဓိကပြင်ဆင်ထားသင့်ပြီး ယုံကြည်ရာကို ဆက်လျှောက်လှမ်းနေဖို့ပဲ လိုတာပါ။ ပတ်ဝန်းကျင်က ကိုယ့်ကိုဘယ်လိုပဲ တိုက်ခိုက်နေပါစေ ဂရုမစိုက်ပဲ ကိုယ့်ရည်မှန်းချက်ကိုသာ အကောင်းဆုံး လျှောက်လှမ်းလိုက်ပါ.. သင့်ကို တားဆီးနိုင်တဲ့သူက သင်ကလွဲပီး တခြားဘယ်သူမှမရှိနိုင်ပါဘူး..

Photo Source : Pngtree

ကမ္ဘာကျော်တွေရဲ့ အဆိုအမိန့်တွေမှာတောင်မှ ရည်မှန်းချက်ပန်းတိုင်တွေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေပေးထားတဲ့ အဆိုအမိန့်တွေများစွာရှိပါတယ်..ဒီအထဲကမှ အကြိုက်ဆုံး စကားလေးကတော့ "ကိုယ့်အိမ်မက်တွေရဲ့ လှပမှုကို ယုံကြည်နိုင်သူတွေဟာ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါတယ်တဲ့ " ....ကဲ ပရိသတ်ကြီးရော ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပီလား...

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။