အဆိုတော်၊ သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီတို့နှစ်ယောက်ကတော့ ချစ်သူဘဝကနေ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်သည်ဘဝလေးကို နှစ်ကိုယ်တူတည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာနဲ့ လျှောက်လှမ်းနေကြတဲ့ သူတို့စုံတွဲလေးက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားတွေဆက်လက်ရိုက်ကူးခဲ့ပြီး သီချင်းတွေလည်း ထွက်ရှိခဲ့ကြပါတယ်။

Photo Credit- Shwe Hmone Yati'FB;
Photo Credit- Shwe Hmone Yati'FB;

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ သူတို့စုံတွဲလေးက မကြာခဏဆိုသလို ကြည်နူးစရာပုံရိပ်လေးတွေကို မျှဝေလေ့ရှိကြတာ ဖြစ်ပါတယ်။ အခုလည်း ရွှေထူးက သူရဲ့ Instagram Acc မှာ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အရင်ကပုံဟောင်းလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ဒီပုံဟောင်းလေးတွေကတော့ ရွှေထူးနဲ့ ရွှေမှုန်ရတီရဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့စဉ်က ပုံလေးတွေပဲ ဖြစ်ပါတယ်။

Photo Credit- Shwe Hmone Yati'FB;
Photo Credit- Shwe Hmone Yati'FB;

ရွှေထူးက အရင်ကပုံဟောင်းလေးတွေနဲ့အတူ ချစ်ဇနီးလေးကို စနောက်ကျီစယ်လိုက်တာ ဖြစ်ပါတယ်။ ရွှေမှုန်ရတီကလည်း ချစ်ခင်ပွန်းနဲ့အတူ ကြည်နူးနေတဲ့ပုံလေးကို သူမရဲ့My Story မှာ မျှဝေထားတာပဲ ဖြစ်ပါတယ်။ ရွှေမှုန်က ချစ်ခင်ပွန်းရွှေထူးရဲ့မျက်နှာလေးကို ငေးကြည့်ရင်း ချစ်တယ်လို့စကားဆိုလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Shwe Htoo & Shwe Hmone Yati; 

Photo Credit-Uncle Shwe's IG;
Photo Credit- Shwe Hmone Yati'FB;
Photo Credit- Shwe Hmone Yati'FB;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။