ယနေ့ထိတိုင် အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်လျက်ရှိပြီး အောင်မြင်မှုတွေ ရရှိနေသူကတော့ သရုပ်ဆောင် နိုင်းနိုင်းပဲ ဖြစ်ပါတယ်။ သူဟာ ချစ်ရတဲ့ မိသားစုကို တွေ့ဆုံရန်အတွက် နယူးယောက်မြို့ကို အလည်အပတ်ရောက်ရှိနေတာပါ။

photo credit - Actor 99 Facebook
photo credit - Actor 99 Facebook

နိုင်းနိုင်းဟာ နယူးယောက်မြို့ကို ရောက်ရှိနေစဉ်မှာ ကလေးတွေနဲ့အတူ ပျော်ရွှင်စွာ အချိန်တွေ ဖြတ်သန်းကုန်ဆုံးနေတာပါ။ ကလေးတွေနဲ့ ဆော့ကစားတဲ့ ဗီဒီယိုလေးတွေကိုလည်း သူ့ရဲ့ Facebook Page မှ တစ်ဆင့် ဝေမျှလေ့ရှိတာပါ။ ပရိသတ်တွေအားလုံးကလည်း သူတို့မိသားစုလေးရဲ့လှုပ်ရှားမှုတွေကို အားကျနေတာပါ။

photo credit - Actor 99 Facebook
photo credit - Actor 99 Facebook

အခုတစ်ခေါက်မှာလည်း မကြာခင်မှာ ကလေးတွေ ကျောင်းပြန်တက်ရတော့မှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို လိုက်ဝယ်ပေးနေတဲ့ ဗီဒီယိုလေးကို သူ့ရဲ့Facebook Page လေးမှာ တင်ထားတာပါ။ ပရိသတ်ကြီးလည်း ကြည့်ရှုလို့ရအောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက် ရပါတယ်နော်။

Source -Actor 99 Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။