သရုပ်ဆောင် လွင်မိုးလို့ဆိုလိုက်တာနဲ့ မသိသူမရှိလောက်အောင် လူကြိုက်များအောင်မြင်နေတဲ့ နိုင်ငံကျော်မင်းသားကြီးတစ်လက်ဖြစ်တယ်ဆိုတာ အားလုံးက သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ လွင်မိုးက အကယ်ဒမီဆုတွေလည်းရရှိခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ လွင်မိုးက အနုပညာအလုပ်တွေထက် မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Lwin Moe's Facebook;
Photo Credit-Lwin Moe's Facebook;

အခုဆိုရင် လွင်မိုးက သူနဲ့ရုပ်ချင်းဆင်တဲ့ ချစ်စရာမြေးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ သမီးကြီးယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက နိုင်ငံခြားမှာကျောင်းသွားတက်နေရတာကြောင့် ဘိုးဘိုးလွင်မိုးက မြေးလေးကိုသူကိုယ်တိုင်စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လွင်မိုးက အောင်ဘာလေထီဆုတွေ ဆွတ်ခူးရရှိခဲ့ကြောင်း သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။

Photo Credit-Lwin Moe's Facebook;
Photo Credit-Lwin Moe's Facebook;

လွင်မိုးက "ဒီတခါတော့ နှစ်သိန်းခွဲ ၊" ဆိုပြီး တစ်သိန်းဆုတစ်ဆုနဲ့ ငါးသောင်းဆုသုံးဆုတိတိ ဆွတ်ခူးရရှိခဲ့ကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်။ လွင်မိုးကတော့ စက်တင်ဘာလရဲ့အစရက်လေးမှာပဲ အောင်ဘာလေထီဆုတွေနဲ့အတူ ကံကောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ထီလက်မှတ် ၄စောင်လုံးကနေ ဆုကြေးအသီးသီး ဆွတ်ခူးရရှိသွားတဲ့ လွင်မိုးရဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

Source:Lwin Moe's Facebook;

Photo Credit-Lwin Moe's Facebook;
Photo Credit-Lwin Moe's Facebook;
Photo Credit-Lwin Moe's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။