ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော သဉ္ဇာနွယ်ဝင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေအားလုံးရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်လေးတွေနဲ့ အပြုံးချိုချိုလေးတွေကလည်း မင်းသမီးချော သဉ္ဇာနွယ်ဝင်းရဲ့ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှုလေးတွေပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Thinzar Nwewin Facebook
Photo Credit - Thinzar Nwewin Facebook

သဉ္ဇာနွယ်ဝင်းကတော့ သားသားလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ရပ်နားလိုက်ပေမယ့်လည်း မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို သဉ္ဇာရဲ့သားလေး Peach Lay ကိုလည်း ချစ်ခင်အားပေးနေကြတာ တွေ့ရပါတယ်..။

၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ ချစ်စရာ သားသားလေး Peach Lay ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေသလို အခုတစ်ခါမှာလည်း ညီမအငယ်လေး မမွေးခင် အင်္ကျီတွေရှင်းနေတာကို ဝင်ကစားနေပြန်ပါတယ်..။


Photo Credit - Thinzar Nwewin Facebook
Photo Credit - Thinzar Nwewin Facebook

ညီမလေးမရောက်လာခင် သူ့ရဲ့ အင်္ကျီတေါကိုရှင်းနေတာကို ဝင်ကစားနေတဲ့ Peach Lay ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကလည်း သဘောကျနေကြပြီး Comment လေးတွေမှာ ရေးသားပြောထားကြတာ တွေ့ရပါတယ်နော်..။

“သမီးလေးရောက်မလာခင် သာသားအင်္ကျီတွေရှင်းနေတာ လာဆော့နေတဲ့ အသဲတုံးလေး..” ဆိုပြီး သားသားလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း သဉ္ဇာက ချစ်ပရိသတ်တွေကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

Photo Credit - Thinzar Nwewin Facebook
Photo Credit - Thinzar Nwewin Facebook

Photo Credit - Thinzar Nwewin Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။