ကမ္ဘာတစ်ဝှမ်းရှိလူများ လက်ရှိအသုံးပြုနေကြတဲ့ Social Media Website များတွင် "Facebook"နဲ့ "Instagram" ကွန်ယက်နှစ်ခုကိုတော့ မြန်မာပြည်ရှိလူငယ်၊ လူရွယ်တော်တော်များများ ရင်းနှီးပြီးသားဖြစ်နေပါပြီ....။ နောက်ပြီး ဖျော်ဖြေရေးကဏ္ဍတစ်ခုဖြစ်တဲ့အပြင်၊ ကိုယ်လေ့လာသင်ယူချင်တဲ့ ပညာရပ်တစ်ခုကို ရှင်းလင်းပြတ်သားစွာ ကြည့်ရှုနိုင်မယ့် "You Tube" websiteကိုလည်း စာဖတ်ပရိသတ်ကြီးအနေနဲ့ သိပြီးကြပြီးဖြစ်မှာပါ...။ "Twitter"၊ "Pinterest"၊ "Snapchat"၊ "WhatsApp" အစရှိတဲ့ Website များကို အသုံးပြုတဲ့သူအချို့ရှိပေမယ့် အထက်မှာဖော်ပြခဲ့ တဲ့ websiteကြီး သုံးခုနှင့် နှိုင်းယှဉ်ရင်တော့ အတော်လေးနည်းတာဖြစ်ပါတယ်....။

Photo Credit pngtree

ယနေ့ခေတ်မီတိုးတက်တဲ့ လူနေမှုဘဝပုံစံမှာ အဆိုပါ "Social media Website" များက တစ်ထောင့်တစ်နေရာကနေ ပါဝင်ပတ်သက်လာပြီပဲဖြစ်ပါတယ်.....။ ထို Website များကိုအသုံးပြုပြီး စီးပွားရှာကြတဲ့ "Digital Marketing" ကုမ္ပဏီများစွာရှိသလို၊ "Streamers"၊ "Bloggers"၊ "Influencers"အစရှိတဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ဝင်ငွေရှာတဲ့သူတွေလည်း များစွာပေါ်ထွက်လာပြီဖြစ်ပါတယ်....။ စီးပွားရေးလုပ်ဖို့သာလျှင်မဟုတ်ဘဲ၊ ထင်ပေါ်ကျော်ကြားမှု၊ မိမိကို လူသိများဖို့အတွက်လည်း အသုံးပြုလာကြတာဖြစ်ပါတယ်...။

Photo Credit pngtree
Photo Credit pngtree

ခေတ်ကာလအလျောက် စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်ဖြင့် တိုးတက်လာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ကြီးကို ထိခိုက်နစ်နာမှုတွေ များစွာရှိနေပါတယ်...။ "အဆိုးနဲ့ကောင်း" ဒွန်တွဲနေတယ်ဆိုတဲ့ စကားအတိုင်း ၂၁ရာစု အိုင်တီခေတ်ကြီးရဲ့ ရိုက်ခတ်မှုက များစွာကျယ်ပြန့်လှပါတယ်....။ "Facebook၊ Instagram၊ You Tube၊......."စတဲ့ Social Media Website များက လူနေမှုဘဝပုံစံတိုးတက်မှုနှင့် ဝင်ငွေလမ်းကြောင်းကို ဖြောင့်ဖြူးနိုင်တယ်ဆိုသော်ငြားလည်း လွဲမှားစွာ၊ စွဲစွဲလမ်းလမ်း အသုံးပြုမယ်ဆိုလျှင် မိမိရဲ့ လူနေမှုပတ်ဝန်းကျင်ကိုထိခိုက်လာနိုင်ပြီး၊ နောက်ဆုံးမိမိဘဝကိုပါ ဝါးမြိုသွားနိုင်တဲ့ သားကောင်ဖြစ်လာနိုင်တာမလို့ အထူးသတိထားဖို့ လိုအပ်ပါတယ်နော်....။

Photo Credit pngtree

Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။