ပရိသတ်ကြီးတို့ရဲ့ အချစ်တော်တွေထဲမှာ တတ်သစ်စမော်လ်ဒယ်မင်းသားချောလေးတွေဖြစ်ကြတဲ့ ပိုင်အုပ်စိုးအောင်နဲ့ ခင်ဇာခြည်ကျော်ရဲ့ သားလေးဘုန်းမင်းနေလတို့ သူငယ်ချင်းနှစ်ယောက်ကလည်း အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားကြသူတွေပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေကို ကိုယ်စီအခိုင်အမာနဲ့ အောင်မြင်နေကြတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်သလို လူငယ်ပီပီ တဟ်ယောက်ကိုတစ်ယောက် စနောက်တတ်ကြတဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျစေတာပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Phonemin Nay La’ Facebook
Photo Credit - Paing Oak Soe Aung’ Facebook

အမြဲအတွဲညီကြတဲ့ ဘုန်းမင်းနေလနဲ့ ပိုင်အုပ်စိုးအောင်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ အခုတစ်ခါမှာလည်း နှစ်ယောက်အတူ မျက်နှာပြောင်ပြီး ဆော့ကစားထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို မျှဝေလိုက်ပါတယ်..။

မျက်နှာပြောင်ပြီး ရိုက်ကူးထားကြတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ အခွီ Tik Tok ဗီဒီယိုဖိုင်လေးကိုတော့ ပိုင်အုပ်စိုးအောင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကိုမျှဝေလိုက်တာ ဖြစ်ပါတယ်..။


Photo Credit - Phonemin Nay La’ Facebook
Photo Credit - Phonemin Nay La’ Facebook

ခင်ဇာခြည်ကျော်ရဲ့ ဆံပင်အတုကို ပိုင်အုပ်စိုးအောင်က စွပ်ကာ မိန်းကလေးပုံစံဟန်ဆောင်ထားပြီး ဘုန်းမင်းနေလနဲ့အတူ နှစ်ယောက်သားမျက်နှာပြောင်ထားကြတဲ့ Tik Tok ဗိဓိယိုဖိုင်လေးပဲ ဖြစ်ပါတယ်နော်..။

“အဲ့ကောင် ကို ထိန်းကြပါဦး...

အန်တီ Khinzar Chikyaw ဆံပင်နဲ့..” ဆိုပြီး သူငယ်ချင်းဖြစ်သူနဲ့ ဆော့ကစားထားတဲ့ အခွီဗီဒီယိုဖိုင်လေးကို ပိုင်အုပ်စိုးအောင်က မျှဝေလိုက်တာဖြစ်ပြီး အဲ့ဒီပို့စ်ရဲ့အောက်မှာ ပရိသတ်တွေကလည်း သဘောကျစွာ Comment လေးတွေ ပေးထားကြတာ တွေ့ရပါတယ်..။


Photo Credit - Phonemin Nay La’ Facebook
Photo Credit - Phonemin Nay La’ Facebook

Photo Credit - Phonemin Nay La’ Facebook၊ Paing Oak Soe Aung’ Facebook

Video - Paing Oak Soe Aung’ Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။