ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ "မီ"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ရင်ကိုစိုးမိုးနိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ပိုင်ဖြိုးသုက အနုပညာမှာဝါသနာပါတဲ့သူတစ်ယောက်ဖြစ်လို့ အားသွန်ခွန်စိုက်ကြိုးစားတဲ့အပြင် New York Flim Academy မှာလည်း ၄ပတ်ကြာ အနုပညာကိုသွားရောက်သင်ကြားတာဖြစ်ပြီး အနုပညာနဲ့ပက်သက်တဲ့ဗဟုသုတအသစ်တွေကိုသင်ကြားရတာကြောင့် ပိုင်ဖြိုးသုကတော့ အရမ်းပျော်နေပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

ပိုင်ဖြိုးသုရဲ့ ချစ်ခင်ပွန်း ဒါရိုက်တာဏကြီးကလည်း အနုပညာနယ်ပယ်မှာထဲမှာ ရပ်တည်နေကာ ချစ်ဇနီးလေးရဲ့ဖြစ်ချင်တဲ့ဆန္ဒများကိုလည်း ဂရုတစိုက်ဖြည့်ဆည်းပေးပါတယ်နော်။ပိုင်ဖြိုးသုက နယူးယောက်မှာ ပညာသွားသင်နေရတာကြောင့် ဒါရိုက်တာဏကြီးက ချစ်ဇနီးလေးကိုအမြဲတမ်းသတိရနေပါတယ်နော်။ပိုင်ဖြိုးသုကတော့ နယူးယောက်မှာ သူငယ်ချင်းအသစ်တွေလည်းရရှိခဲ့ပြီး အရမ်းပျော်ရွှင်ခဲ့ပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

အခုဆိုရင်တော့ သုသုလည်း မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီး အလုပ်ကြိုးစားလွန်းတဲ့သုသုလေးက "မနက်(၆)နာရီလေယာဉ်နဲ့ New York မှရန်ကုန်ရောက်ပြီး အခု(၈)နာရီလေယာဉ်ဖြင့် ပုဂံသို့ကြော်ငြာရိုက်သွားပါပြီရှင့်.."ဆိုပြီး ရိုက်ကူးရေးအတွက်ပုဂံသို့တန်းသွားက အနုပညာအလုပ်အပေါ်လေးစားတဲ့ သုသုလေးရဲ့ ချစ်စရာပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

Source:Paing Phyo Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။