ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချောလေး ပိုင်တံခွန်ကတော့ မြန်မာပရိသတ်တွေအပြင် ထိုင်းပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုပါ အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေအပြင် တိရိစ္ဆာန်လေးတွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ စိတ်လေးတွေနဲ့ ယောင်္ကျားပီသတဲ့ စိတ်ဓာတ်တွေကြောင့်လည်း မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတာ ဖြစ်ပါတယ်..။


Photo Credit - Paing Takhon Facebook
Photo Credit - Paing Takhon Facebook

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ မော်လ်ဒယ်သရုပ်ဆောင် အနုပညာရှင်အဖြစ် ရပ်တည်နေသလို ထိုင်းနိုင်ငံမှာလည်း ထိုင်းအနုပညာရှင်တွေနဲ့အတူ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း ပိုင်တံခွန်တစ်ယောက် ထိုင်းမှာအနုပညာအလုပ်တွေလုပ်ရင်း ခင်မင်ခဲ့တဲ့ ထိုင်းမင်းသမီး junji junp ရဲ့ ဖခင်ဆုံးပါးသွားလို့ ဝမ်းနည်းကြေကွဲနေတဲ့ ထိုင်းမင်းသမီး junji junp ဆီကို လူကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး အားပေးစကားလေးတွေ ပြောခဲ့ပါတယ်..။


Photo Credit - junji junp Instagram
Photo Credit - junji junp Instagram

ဖခင်ဖြစ်သူဆုံးပါးကွယ်လွန်သွားလို့ ဝမ်းနည်းကြေကွဲနေတဲ့ ထိုင်းမင်းသမီးရဲ့ ဖခင်နာရေးကို လွမ်းသူ့ပန်းခွေနဲ့အတူ ပိုင်တံခွန်က ကိုယ်တိုင်ကိုယ်ကျသွားပြီး အားပေးခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ထိုင်းမင်းသမီးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးဖြစ်တဲ့ junji junp ရဲ့ ဖခင်နာရေးကို ထိုင်းနိုင်ငံရဲ့ အခြားနာမည်ကျော် အနုပညာရှင်များစွာလည်း တက်ရောက်အားပေးနှစ်သိမ့်ခဲ့ကြပြီး ပိုင်တံခွန်တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတါ့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - junji junp Instagram
Photo Credit - junji junp Instagram

Photo Credit - Paing Takhon Facebook၊ junji junp Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။