ပိုပိုကတော့ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူရဲ့ သီချင်းလေးတွေဟာ ဆယ်ကျော်သက်လူငယ်တွေကြားအတော်လေးကို လူကြိုက်များနေခဲ့ပါတယ်။ ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်ခုရယူထားနိုင်တဲ့ ပိုပိုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေသူလေးဖြစ်ပါတယ်။

photo credit: popo' s facebook
photo credit: popo' s facebook

ပိုပိုကတော့ သီချင်းလေးတွေကို ဆက်လက်ထွက်ရှိဖို့ ကြိုးစားနေသူလေးဖြစ်ပြီး သူမရဲ့ တစ်ချိန်က သီချင်းလေးတွေဟာလဲ မရိုးသွားဘဲ နားထောင်လို့ ကောင်းနေဆဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ ပိုပိုတစ်ယောက် ဦးမောင်ရိုက်နေတဲ့ရုပ်ရှင်မှာ ဒိုင်အဖြစ်ပါဝင် ကူညီသရုပ်ဆောင်ရင်း ရွှေကစ်နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပါတယ်။

photo credit: popo' s facebook
photo credit: popo' s facebook

သူမကတော့ " ဦးမောင် ရိုက်နေတဲ့ ရုပ်ရှင်မှာ ဒိုင်အဖြစ် ပါဝင် ကူညီ သရုပ်ဆောင် ရင်းမတ်မတ် ကစ်နဲ့ " ဆိုပြီး ရွှေကစ်လေးနဲ့အတူ ချစ်စရာပုံရိပ်လေးတွေနဲ့ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပိုပိုရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source: popo' s facebook

photo credit: popo' s facebook
photo credit: popo' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။