ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ အနုပညာလောကထဲကို ဟိုးအရင်တစ်ခေတ်တည်းကဝင်ရောက်လာခဲ့ပြီး အကယ်ဒမီ၂ဆုကို ဆွတ်ခူးရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ခိုင်သင်းကြည်အကယ်ဒမီရရှိခဲ့တဲ့ ဇာတ်ကားတွေကတော့ ၂၀၁၃ခုနှစ်မှာ "စုန်းပြူး" ၂၀၁၄ခုနှစ်မှာ "ကောင်းကျိုးကိုယ်၌တည်စေမင်း" ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆုတွေကို ရရှိခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

ခိုင်သင်းကြည်ကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး ဇာတ်ကားတိုင်းရဲ့ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်။မခိုင်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ခိုင်သင်းကြည်က ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကလည်း အနုပညာကိုဝါသနာပါတဲ့သူတစ်ယောက်ပါနော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

စံထိပ်ထားဦးကတော့ ပညာရေးလည်းကြိုးစားနေရတာကြောင့် အနုပညာအလုပ်တွေကိုတော့ တတ်နိုင်သလောက်သာလုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အချစ်ကိုရရှိထားသူတစ်ယောက်ပါ။ခိုင်သင်းကြည်ကလည်း သမီးလေးနဲ့အတူ ညီအစ်မတွေလိုပေါင်းပြီး နေထိုင်တာကြောင့် ကလေးတစ်ယောက်အမေလို့ ထင်ရက်စရာမရှိလောက်အောင် ယနေ့အချိန်ထိ နုငယ်ပျိုမျစ်နေတဲ့ ခိုင်သင်းကြည်ရဲ့အလှတရားပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

Source:Khine Thin Kyi's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။