သရုပ်ဆောင် မင်းသားချော စည်သူဝင်းနဲ့ သရုပ်ဆောင် မင်းသမီးချော ခေးဆက်သွင်တို့နှစ်ယောက်ကတော့ "MRTV-4" ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ အနုပညာရှင်နှစ်ဦးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူတို့နှစ်ယောက်က ပရိသတ်တွေရဲ့အားပေးဝန်းရံမှုနဲ့အတူ အောင်မြင်မှုတွေကိုယ်စီ ရရှိထားကြတာလည်း ဖြစ်ပါတယ်။

Photo Credit-Si Thu Win 's FB
Photo Credit-Si Thu Win 's FB;
Photo Credit-Khay Sett Thwin's FB;

စည်သူဝင်းဆိုရင်လည်း "လူရည်ချွန်၊ ဆုံစည်းခြင်းမိုးတိမ်များ၊ မိုးကောင်းကင်အိပ်မက် "ဆိုတဲ့ ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ခေးဆက်သွင်ကလည်း " ဥယျာဉ်မှူးဖြစ်ဖူးချင်သည်၊ ဆုံစည်းခြင်းမိုးတိမ်များ၊ အရိပ်" စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ " နှင်းဆီ " ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း စည်သူဝင်းနဲ့ ခေးဆက်သွင်တို့က အတွဲညီညီနဲ့ သရုပ်ဆောင်ထားကြပါသေးတယ်။

Photo Credit-Si Thu Win 's FB;
Photo Credit-Khay Sett Thwin's FB;
Photo Credit-Si Thu Win 's FB;

အခုလည်း စည်သူဝင်းနဲ့ ခေးဆက်သွင်က ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့အမှတ်တရပုံလေးတွေကို မျှဝေပေးထားပါတယ်။ စည်သူဝင်းက "နှင်းဆီက အပြင်မှာအကိုကျော်ကိုတွေ့တော့ ပြုံးပျော်နေရတာပါ " ဆိုပြီး ခေးဆက်သွင်နဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " နှင်းဆီ " ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာပါဝင်ထားတဲ့ စည်သူဝင်းနဲ့ ခေးဆက်သွင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Si Thu Win 's FB & Khay Sett Thwin's FB;

Photo Credit-Khay Sett Thwin's FB;
Photo Credit-Si Thu Win 's FB;
Photo Credit-Khay Sett Thwin's FB;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။