အနုပညာအလုပ်တွေကိုသာမကပဲ ပရဟိတအလုပ်တွေကိုပါ လုပ်ကိုင်နေသူကတော့ သရုပ်ဆောင် ခိုင်နှင်းဝေပါ။ သူမဟာ ခိုင်နှင်းဝေဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး လိုအပ်တဲ့နေရာများကို ကူညီနေတာလည်း ဖြစ်ပါတယ်။  

photo credit - Khine Hnin Wai Facebook
photo credit - Khine Hnin Wai Facebook

သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှပေးနေတာပါ။ လူတိုင်းကလည်း သူမရဲ့လုပ်ရက်တိုင်းကို မချီးကျူးပဲမနေနိုင်အောင်ဖြစ်ကြတာပါ။ ခိုင်နှင်းဝေရဲ့ သမီးလေးရွှန်းရတီခိုင်ဟာလည်း တစ်နေ့ထက်တစ်နေ့ မေမေနဲ့ရုပ်တူတူလာပြီး လူတိုင်းရဲ့အချစ်တွေကို ရရှိထားတာပါ။ 

photo credit - Khine Hnin Wai Facebook
photo credit - Khine Hnin Wai Facebook

သမီးလေးရဲ့ ဗီဒီယိုလေးကို မနေ့ညက ခိုင်နှင်းဝေရဲ့ Facebook အကောင့်လေးမှာ တင်ထားတာပါ။ " အမလေး သမီးလေးရယ် ကြီးလာရင် အမေလို မင်းသမီး ပဲဖြစ်မလား မသိဖူး အိုက်တင်တွေ လုပ်တာ လုပ်တာဆိုတာ တနေ့တမျိုးကို မရိုးရဖူး

ချစ်လိုက်တာ မေ့သမီးလေး နို့ဘူးစို့တာကအစ အိုက်တင် နဲ့ သူက

သမီးလေးကို ချစ်တဲ့ သူများအတွက် ဗီဒီယို လေးတင်ပေးလိုက်ပါတယ်နော် " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Khine Hnin Wai Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။