ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောစူးရှထက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေမှုတွေနဲ့အတူ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် တစ်ဦးပဲ ဖြစ်ပါတယ်..။

ခန္ဓာကိုယ်အချိုးအစားပြေပြစ်မှုတွေနဲ့ အမိုက်စားဖက်ရှင်တွေလေးကြောင့်လည်း ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားပြီး ပွင့်လင်းတဲ့ စကားပြောဟန်ပန်လေးတွေနဲ့ ချစ်စရာကောင်းမှုလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပဲ ဖြစ်ပါတယ်..။


Photo Credit - စူးရှထက် Facebook
Photo Credit - စူးရှထက် Facebook

ပေပီလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ စူးရှထက်ကတော့ သူမရဲ့အနုပညာ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲမျှဝေလေ့ရှိသလို ပရိသတ်တွေကလည်း အားပေးချစ်ခင်နေကြပါတယ်..။

အောင်မြင်တဲ့ အနုပညာရှင်ဆယ်လီတစ်ဦးဖြစ်တဲ့အတိုင်း သူမရဲ့အချစ်ရေးလေးကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေကြသလို အခုတစ်ခါမှာလည်း ဘေဘီလေးစူးရှထက်က ရည်းစားဟောင်းတွေနဲ့ ပတ်သက်ပြီး ပြောလာခဲ့ပါတယ်..။


Photo Credit - စူးရှထက် Facebook
Photo Credit - စူးရှထက် Facebook

သူမရဲ့လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာကနေ “ကံ မကုန်လို့ ပြန်ဆုံခဲ့ရင်

ဖက်နမ်း ခွင့်ပြုပါ EX..” ဆိုပြီး ပြီးခဲ့တဲ့နာရီပိုင်းလောက်က ရေးသားထားပြီး အဲ့ဒီပို့စ်ရဲ့အောက်မှာလညး ပရိသတ်တွေက Comment လေးတွေ ရေးသားပြောထားကြတာ တွေ့ရပါတယ်..။

သူမရဲ့အဲ့ဒီပို့စ်အောက်မှာ ဘေဘီလေးကလည်း ပရိသတ်တွေနဲ့အတူ စကားလေးတွေ အပြန်အလှန်ပြောထားကြပြီး “ဝါဝါ မြင်တိုင်း ရွှေမဟုတ်သလို

Ex ဆိုတိုင်းလဲသူမဟုတ်ဘူလေကွယ်..” ဆိုပြီး ပရိသတ်တွေထင်မြင်ချက်ပေးနေကြတဲ့ ရည်းစားဟောင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောထားတာ တွေ့ရပါတယ်..။

Photo Credit - စူးရှထက် Facebook
Photo Credit - စူးရှထက် Facebook

Photo Credit - စူးရှထက် Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။