အနုပညာရှင်မျိုးဆက်သစ်လေးဖြစ်တဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ကတော့ " Mini Mister Myanmar & Mini Miss Myanmar " ပြိုင်ပွဲကြီးကတစ်ဆင့် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ" Little Miss Supranational Myanmar " သရဖူဆုကိုဆွတ်ခူးရရှိခဲ့တဲ့ သမီးလေးသွန်းမြတ်ကြယ်စင်က အလှမယ်လေးအဖြစ်ကနေ ကလေးသရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Thoon Myat Kyal Sin's FB;
Photo Credit-Thoon Myat Kyal Sin's FB;
Photo Credit-Thoon Myat Kyal Sin's FB;

အခုဆိုရင် သွန်းမြတ်ကြယ်စင်လေးက သီချင်းဗီဒီယိုလေးတွေမှာ သရုပ်ဆောင်နေရသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတောင် ပါဝင်ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ အနုပညာရှင် တော်တော်များများကလည်း ချစ်စရာကောင်းတဲ့ သွန်းမြတ်ကြယ်စင်လေးကို ဝိုင်းချစ်နေကြတာ ဖြစ်ပါတယ်။ အခုလည်း သွန်းမြတ်ကြယ်စင်လေးက မမရတနာမိုင်နဲ့အတူ ရိုက်ကူးရေးပြုလုပ်ရင်း ရိုလာကိုစတာစီးတမ်း ဆော့ကစားခဲ့တာကို ဗီဒီယိုလေးရိုက်ကူးပြီး တင်ပေးထားပါတယ်။

Photo Credit-Thoon Myat Kyal Sin's FB;
Photo Credit-Yadanar My's FB;
Photo Credit-Thoon Myat Kyal Sin's FB;

သွန်းမြတ်ကြယ်စင်လေးက" ဒီနေ့ သမီးကိုအရမ်းချစ်တဲ့ သီချင်းဆိုတာအရမ်းကောင်းတဲ့ မမYadanar My နဲ့ အတူတူ Kid Chat အစီအစဉ်လေး ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးခဲ့ပါတယ် အရမ်းချစ်ပြီး အိမ်အလည်ခေါ်တဲ့အတွက်လည်း မမနဲ့ ဘွားဘွားကို အရမ်းချစ် အရမ်းကျေးဇူးတင်ပါတယ်ရှင့် လာလည်ပါ့မယ်ရှင့် " ဆိုပြီး Facebook Acc မှာတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မမရတနာမိုင်နဲ့ သွန်းမြတ်ကြယ်စင်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Thoon Myat Kyal Sin's FB;

Photo Credit-Thoon Myat Kyal Sin's FB;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။