ပရိသတ်ကြီးရေ တက်သစ်စမင်းသမီးလေးတစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့နေခြည်ဦးဟာဆိုရင် Beauty Blogger ကနေတဆင့် ပရိသတ်တွေသတိထားမိလာပြီး သူမရဲ့ပွင့်လင်းသွက်လက်တဲ့ဟန်ပန်လေးတွေကို အရမ်းသဘောကျခဲ့ကြပါတယ်နော်။နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်လို့ ပရိသတ်တွေလည်း အားပေးခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Nay Chi Oo's Instagram&Facebook
Photo Credit:Nay Chi Oo's Instagram&Facebook
Photo Credit:Nay Chi Oo's Instagram&Facebook

နေခြည်ဦးရဲ့လက်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖို့ရှိပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေပါတယ်။နေခြည်ဦးကတော့ ပွဲတစ်ပွဲကိုတက်ရောက်လာတိုင်း သူမတူတဲ့ဒီဇိုင်းဖက်ရှင်တွေနဲ့ စမတ်ကျလှပနေတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပါနော်။ပရိသတ်တွေအရမ်းအားကျခဲ့ရတဲ့ နေခြည်ဦးရဲ့အချစ်ရေးလေးကတော့ လက်တလောမှာငြိမ်သက်နေဆဲဖြစ်ပါတယ်။

Photo Credit:Nay Chi Oo's Instagram&Facebook
Photo Credit:Nay Chi Oo's Instagram&Facebook
Photo Credit:Nay Chi Oo's Instagram&Facebook

နေခြည်ဦးရဲ့ချစ်သူဟောင်း အောင်နွေဦးကလည်း ချီချီစိတ်ကျေနပ်အောင် နည်းမျိုးစုံနဲ့ချော့ပြီး တောင်းပန်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း နေခြည်ဦးအတွက် အောင်နွေဦးက ချစ်ခြင်းမေတ္တာတွေအပြည့်အဝထည့်ထားတဲ့ ကိတ်မုန့်လေးရယ် မွှေးအီလွန်းတဲ့ပန်းစည်းလှလှလေးတွေကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်နော်။နေခြည်ဦးကတော့ လက်ဆောင်ပစ္စည်းပုံလေးတွေကို သူမရဲ့Instagram မှာ မျှဝေခဲ့ပါတယ်နော်။

Photo Credit:Nay Chi Oo's Instagram&Facebook
Photo Credit:Nay Chi Oo's Instagram&Facebook
Photo Credit:Nay Chi Oo's Instagram&Facebook

Source:Nay Chi Oo's Instagram&Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။