ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ မိတ်ဆွေ ဘော်ဒါများနဲ့ဆုံကြတဲ့အခါ မလုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်.. လကုန်ရက်ရက်လည်း ရောက်ပီဆိုတော့ မုန့်ဆိုင်မှာပဲ ဖြစ်ဖြစ် bar တွေမှာပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ၊ သူငယ်ချင်းအချင်း ဆုံတွေ့ကြတဲ့အခါ သူများတွေ ကိုယ့်ကို မငြိုငြင်အောင် ဒီလိုအချက်လေးတွေ ရှောင်ရှားသင့်ပါတယ်နော်..

(၁) စကားလက်ဆုံကျနေချိန်မှာ ဖုန်းကိုဘေးမှာချထားလိုက်ပါ

ဒီအချက်ဟာ အတော်လေးကို အရေးပါပြီး အားလုံးဝိုင်းဖွဲ့ပြီး စကားလက်ဆုံကျကာ ရယ်မောနေကြချိန်မှာ ကိုယ်ကတော့ ဖုန်းကိုအသုံးပြုနေတယ်ဆိုရင် ကိုယ့်ရဲ့သူငယ်ချင်းတွေကို မလေးစားတဲ့ပုံစံ သက်ရောက်သွားပါလိမ့်မယ်..သူငယ်ချင်းတွေဆုံတုန်းလေးမှာတော့ တတ်နိုင်သလောက် ကိုယ့်ဖုန်းလေးကို ဘေးမှာချထားလိုက်တာ အကောင်းဆုံးပါပဲနော်...

Photo Source : Pngtree

(၂) တစ်ဖက်က ပြောတာတွေကို ဂရုတစိုက် နားထောင်ပေးပါ

သူငယ်ချင်းတွေ တွေ့ဆုံဝိုင်းလုပ်ကြတဲ့အချိန်ဟာ များသောအားဖြင့် တစ်ပတ်နေမှ တစ်ခါ ဒါမှမဟုတ် အချိန်တော်တော်ကြာမှ တစ်ခါ တွေ့ဖြစ်တာကြောင့် ပြောစရာစကားတွေကလည်း တော်တော်များများကို ရှိနေမှာပါ...ဒီအချိန်မှာ တစ်ဖက်သားက ကိုယ့်ကို စကားပြောတဲ့အခါ ကိုယ့်ဘက်က သေချာနားထောင်ပေးခြင်းကလည်း သူငယ်ချင်းအချင်းချင်းကြား ခင်မင်မှုကို ပိုတိုးလာစေမှာပဲ ဖြစ်ပါတယ်။

Photo Source : Pngtree

(၃) တတ်နိုင်သလောက် ချီးကျူ းပေးပါ

ဒါဟာ ကိုယ့်ကို လူပုံအလယ်မှာ မျက်နှာရစေမယ့် အဓိကအချက်ပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတွေ စတွေ့တွေ့ချင်း သူများရဲ့အားနည်းချက်ကို အတည်လိုလို စသလိုလိုနဲ့ စတင်ပြောလိုက်ခြင်းဟာ အခန့်မသင့်ရင် စကားပါများနိုင်ပါတယ်..(ဥပမာ ကိုယ့်သူငယ်ချင်းတစ်ယောက် ဝိတ်ချနေမှန်းသိရက်နဲ့ ပိုဝလာလိုက်တာလို့ ဆိုတာမျိုးတွေ မပြောသင့်ပါဘူး) အဲ့ဒီအစား တတ်နိုင်သလောက် သူ့ရဲ့အားသာချက်လေးတွေကိုရှာပြီး ချီးကျူးပေးလိုက်ခြင်းက တစ်ဖက်လူလည်း သင့်ကိုပိုပြီးခင်မင် သွားစေသလို လေးစားသွားမှာလည်း ဖြစ်ပါတယ်။

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။