Confidence(ကိုယ့်ကိုကိုယ် ယုံကြည်မှု) ဆိုတာဟာ အပြောလွယ်သလောက် ရှိအောင်လုပ်ဖို့လည်းမလွယ်ပါဘူး။ သူများကိုယုံကြည်မှုရှိဖို့မပြောနဲ့ ကိုယ့်ကိုယ်ကိုတောင်ယုံကြည်မှုရှိအောင်လုပ်ဖို့ဆိုတာက အရမ်းပဲခက်ခဲတဲ့ကိစ္စပါ။ ဒီလိုမျိုး အမှန်တကယ် Confidence ရှိချင်တယ်ဆိုရင်တော့ ဖော်ပြပါအချက်လေးတွေကို သေသေချာချာလိုက်နာပေးစေလိုပါတယ်နော်။

(၁) သန့်သန့်ပြန့်ပြန်ဝတ်စားပါ။

သင်သာ ညစ်ညစ်ပတ်ပတ်ဝတ်စားထားမယ်ဆိုရင် သင်ပြောတဲ့စကားတွေနဲ့ လုပ်ဆောင်သမျှတွေကို ဘယ်သူမှအထင်ကြီးမှာမဟုတ်ပါဘူး။ ဒီတော့ ဆံပင်လေးကိုသေချာဖြီး အဝတ်အစားလေးတွေကို မီးပူလေးနဲ့ကော့နေအောင်တိုက်ပြီး လူမြင်ကောင်းအောင် သန့်သန့်လေးဝတ်ထားမယ်ဆိုရင် အိမ်ကစထွက်ကတည်းက ရင်ကော့ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေမှာမဟုတ်ပါလားနော်။

Photo Source : Pngtree

(၂) အပြုံးကိုသုံးပါ။

ပြုံးရတာမခက်ပါဘူး။ ဘယ်သူနဲ့ပဲတွေ့တွေ့ ကိုယ့်ကိုယ်ကို စကားနဲ့ မမိတ်ဆက်ခင် အပြုံးလေးနဲ့ မိတ်ဆက်လိုက်မယ်ဆိုရင် သင့်အတွက်အများကြီးအကျိုးထူးလာမှာပါ။ Confidence ရှိတယ်ဆိုတာ အဲ့ကစတာပါပဲ။ ဘယ်သူဘာပြောပြောပြုံးနိုင်ဖို့လိုတယ်လေ။

Photo Source : Pngtree

(၃) ကိုယ့်စကားတိုင်းက အမြဲတန်ဖိုးရှိပါစေ။

ဒါမျိုးဖြစ်ဖို့ကတော့မလွယ်ဘူး။ စာများများဖတ်မှရတာမျိုးပါ။ လူတွေက စကားပြောတဲ့အခါမှာ သူတို့ကိုဥပမာလေးတွေ ပုံပြင်လေးတွေနဲ့ပြောပြရင် နားဝင်လွယ်တတ်ကြတယ်။ အရမ်းတော့ Overမဖြစ်အောင် ကိုယ်ပြောမယ့် စကားအကြောင်း ကိုယ်ကောင်းကောင်းသိထားဖို့တော့လိုပာတယ်။ ပြီးတော့ လိုသလောက်ပဲ စကားပြောရမယ်။ စကားပြောရင်လည်း ဖြေးဖြေးနဲ့ရှင်းရှင်းလင်းလင်းလေးပဲပြောရပါမယ်။ အိမ်မှာပြောတဲ့အတိုင်းတော့ မပြောမိစေနဲ့ပေါ့။(အရည်အဖတ်မရတာတွေကို ဆိုလိုတာပါ။)

Photo Source : Pngtree

(၄) လူကိုကြည့်ပြီးစကားပြောပါ။ ( Eye Contact)

ဒီတစ်ချက်ကတော့ သေချာပေါက်မလွဲဘဲလုပ်သင့်တဲ့အချက်ပါ။ လူတစ်ယောက်နဲ့စကားပြောမယ်ဆိုရင် လူကိုပဲကြည့်ပြီးပြောပါ။ တောင်ကြည့်လိုက် မြောက်ကြည့်လိုက် အပေါ်ကြည့်လိုက် အောက်ကြည့်လိုက်လုပ်မယ်ဆိုရင် လုံးဝ Confidence ရှိတဲ့သူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။

ကဲ... ဆိုတော့ ဒီတစ်ခါမှာတော့ Confidence ရှိဖို့အတွက် အဓိကကျတဲ့အချက်လေးတွေကို ရွေးထုတ်ပြီးတော့ ချစ်ပရိတ်သတ်တွေအတွက် တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နော်။ ကဲ... ချစ်ပရိတ်သတ်တို့လည်း ဒီအချက်လေးတွေကို ဉာဏ်ရှိသလိုအသုံးချနိုင်ကြပါစေနော်။

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။