မောင်တော တွင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအသေးစိတ်၊ လက်ရှိအခြေအနေ နှင့် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ခြင်း....

မောင်တောခရိုင်တွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်လိုက်ပြီး ညမထွက်ရ အမိန့်ကြေညာ လိုက်ပါတယ်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက အောက်တိုလာလ ၉ ရက် ရက်စွဲနဲ့ အမိန့်အမှတ် ၁/၂၀၁၆ ကို ထုတ်ပြန်လိုက်ပြီး ညနေ ၇ နာရီက မနက် ၆ နာရီအတွင်း ညမထွက်ရန်နဲ့ လူငါးဦးထက်ပိုပြီး မစုကြဖို့ ထုတ်ပြန်လိုက်ပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့တွေ ပါဝင်ပါတယ်။

အောက်တိုဘာ ၉ ရက်မေ့ မနက် တစ်နာရီကျော်မှာ မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှု အဖွဲ့ဌာနချုပ် ဗဟိုကင်းအပါအဝင် ငါးခူရစခန်းနဲ့ ရသေ့တောင် ကိုးတန်ကောက် စခန်းတို့ကို တပြိုင်နက် တိုက်ခိုက်ခံခဲ့ရတဲ့အတွက် အခုလို ထုတ်ပြန်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျီးကန်းပြင်၊ ကိုးတန်ကောက်နဲ့ ငါးခူရ သုံးနေရာ တချိန်တည်းဝင်စီးခံရပြီး လက်နက် အလက် ၅၀ ကျော် ပျောက်ဆုံးနေပါတယ်။ မောင်တောဆေးရုံမှာ လူနာ ၅ ဦးရှိပြီး အဲ့ဒီထဲမှာ အရပ်သား တဦးနဲ့ အမျိုးသမီးတဦးပါတယ်။ ကိုးတန်ကောက်ရဲစခန်းက ရဲ ၂ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေပါတယ်။ စုစုပေါင်း ကျဆုံးသူ တပ်ဖွဲ့ဝင် ၉ ဦးရှိပါတယ်။ 

ကျီးကန်းပြင်ကို ကူညီဖို့လာတဲ့ ရဲနဲ့ တပ်မတော်သားတွေပါတဲ့ ကားတစ်စီး ကျီးကန်းပြင်လမ်း တံတားအမှတ် ၄/၂ မှာ မိုင်းထိခဲ့ပြီး လူတွေ ထိခိုက်တာ မရှိဘူးလို့လည်း သိရပါတယ်။

လာရောက်တိုက်ခိုက်တဲ့ အဖွဲ့တွေဟာ RSO အကြမ်းဖက်အဖွဲ့တွေဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အကြမ်းဖက် ၇ ဦးကိုလည်း ငါးခူရမှာ အသေဖမ်းဆီးရမိပါတယ်။ ကိုးတန်ကောက်မှာ အကြမ်းဖက်သူ အသေ ၁ ဦး၊ အရှင် ၁ ဦးဖမ်းဆီးရမိထားပါတယ်။

Cr. dvb

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။