ပရိသတ်ကြီးအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ အရောင်တွေကနေသိရှိနိုင်မယ့် သင့်ရဲ့ စိတ်နေစိတ်ထားတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်...လူတိုင်းမှာ ကိုယ်ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ခဲ့ကြတဲ့ အရောင်လေးတွေ ရှိကြမှာပါ...ဒီလိုမျိုးကိုယ်ကြိုက်တဲ့ အရောင်လေးတွေကနေ ကိုယ့်ရဲ့ စိတ်ထားစိတ်ထား ဘယ်လိုရှိတယ်ဆိုတာကို သိနိုင်တာမို့ ဖော်ပြပေးလိုက်ရပါတယ်နော်...

အနီရောင်

အနီးရောင်ကို ကြိုက်နှစ်သက်တဲ့သူတွေဟာ စိတ်ဓာတ်ပြတ်သားကြသားကြသလို ဘာမဆို ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြတဲ့ သူတွေလည်းဖြစ်ပါတယ်။ ပြတ်သားတဲ့ စိတ်ဓာတ်အခံရှိသူတွေမို့လို့ ဘာမဆိုမှန်တယ်ထင်ရင် တဇွတ်ထိုးလုပ်တတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။

Photo Source : Pngtree

အပြာရောင်

ဒီအရောင်ကို ကြိုက်တဲ့သူတော်တော်များများဟာ စိတ်နေစိတ်ထား တည်ငြိမ်သလို မိမိရဲ့ခံစားချက်အတိုင်းနေထိုင်သူတွေလည်း ဖြစ်ပါတယ်။အနောက်နိုင်ငံတွေမှာတော့ အပြာရောင်ရဲ့ အဓိပ္ပါယ်ဟာ လွမ်းဆွေးခြင်းကို ကိုယ်စားပြု ပြီး အသံဆွေးဆွေးလေးတွေနဲ့ သီဆိုရတဲ့ သီချင်းတွေကို Blue songs လို့တောင် ခေါ်ဆိုခဲ့ကြပါတယ်။

Photo Source : Pngtree

အစိမ်းရောင်

အစိမ်းရောင်ကို ကြိုက်နှစ်သက်သူတွေဟာ သူတို့ရဲ့ပင်ကိုယ်ပုံစံကိုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး နေထိုင်ကြသူတွေပါ။ နိုင်ငံတစ်ချို့မှာတော့ အစိမ်းရောင်ကို မနာလိုတဲ့အခါ သို့မဟုတ် သဝန်တိုတဲ့အခါ မျိုးတွေမှာအသုံးပြုကြပါတယ်။

Photo Source : Pngtree

အဖြူရောင်

အဖြူရောင်ကို ကြိုက်နှစ်သက်သူတွေဟာ ဘာမဆို အနိုင်မယူလိုတတ်ပဲ အလျှော့ပေးတတ်တဲ့ နှလုံးသားပိုင်ရှင်တွေပါ..သူများပျော်ဖို့အတွက် ကိုယ်ကိုတိုင်အနစ်နာခံရမယ်ဆိုရင်တောင်မှ ကျေကျေနပ်နပ်ကြီး ခံယူတတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ .

Photo Source : Pngtree

အနက်ရောင်

အနက်ရောင် ကြိုက်သူတွေဟာ မိမိခံစားချက်ကို အများသိအောင် ထုတ်ဖော်မပြပဲ ရင်ထဲအမြဲသိမ်းထားတဲ့သူတွေလည်း ဖြစ်ပါတယ်။ အပြင်ပန်းမှာတော့ တည်ကြည်နေပေမယ့်လည်း အတွင်းစိတ်မှာတော့ ဘယ်သူမှ မသိသေးတဲ့စိတ်ခံစားချက်တွေကို သိမ်းထားကြတဲ့သူတွေပဲ ဖြစ်ပါတယ်။

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။