သွေးတိုးရောဂါကို ထိန်းဖို့က ဆေးပုံမှန်သောက်ဖို့အပြင် ကိုယ်စားသောက်နေထိုင်တဲ့ "Life style"ကလည်း အများကြီး သက်ရောက်မှုရှိပါတယ်....။ သွေးကျဆေးတွေကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ်မူတည်ပြီး ပေးရတာမို့ အခုကတော့ ဘယ်လိုစားသောက်နေထိုင်ရမယ်ဆိုတဲ့ အကြောင်းကို အဓိကထား တင်ဆက်ပေးမှာဖြစ်ပါတယ်...။

photo credit pngtree

အစားသောက်ပိုင်းမှာတော့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အနှံ၊ အဖြူရောင် အသားတွေဖြစ်တဲ့ ကြက်သား၊ ငါး ၊ အဆီလျော့ထားတဲ့နို့ထွက်ပစ္စည်းတွေကို စားပေးရမှာဖြစ်ပါတယ်...။ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားစာ (ဥပမာ - ငှက်ပျောသီး) တွေကို စားသုံးပေးရမှာဖြစ်ပါတယ်...။ ပြည့်ဝဆီပါတဲ့အစားစာတွေ၊ အမဲသား၊ ဝက်သား၊ ဆိတ်သား၊ အချိုအဆိမ့်၊ သကြားတွေကို လျော့စားရမှာဖြစ်ပါတယ်...။ ကဖင်းဓာတ်ပါတာတွေကိုလည်း အလွန်အကျွံမသောက်ပဲ၊ အငံဓာတ်လျော့ဖို့လိုအပ်တာဖြစ်ပါတယ်...။ ကိုယ်က ကိုယ်အလေးချိန်များနေတယ်၊ အဝလွန်တဲ့ထဲပါနေတယ်ဆိုရင် ဝိတ်လျော့ဖို့ လိုအပ်ပါတယ်....။ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်ချတိုင်း သွေးပေါင်ချိန် ၁ မီလီလီတာမာကျူရီ ( 1 mmHg) ကျဆင်းသွားတာဖြစ်ပါတယ်...။ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ "stress hormone" တွေထွက်တာကြောင့် သွေးပေါင်တက်စေတာဖြစ်ပြီး ဒီ stress တွေကို သေချာထိန်းချုပ်နိုင်ဖို့က အင်မတန်အရေးကြီးပါတယ်။

photo credit For Your Health For Your Beauty facebook page

ကိုယ်လက်လှုပ်ရှားမှုတွေ မှန်မှန်လေး လုပ်ပေးတာက သွေးပေါင်ချိန်ကိုလည်း ကျစေပြီး စိတ်ဖိစီးမှုတွေ၊ တခြားကျန်းမာရေးပြဿနာတွေကိုလည်း လျော့ပါးစေပါတယ်နော်...။ ပြီးရင် အရက်လျော့သောက်ဖို့ လိုအပ်တာဖြစ်ပါတယ်...။ ကိုယ်က ကျန်းမာနေတယ်ဆိုရင်တောင်မှ အရက်က သွေးပေါင်ချိန်ကို တက်စေပါတယ်...။ ဒါကြောင့်မလို့ အရက်သောက်မယ်ဆိုရင် အမျိုးသမီးတွေမှာ တစ်နေ့ကို တစ်ပတ်နှုန်း၊ အမျိုးသားတွေမှာ နှစ်ပတ်နှုန်းလောက်က အသင့်တော်ဆုံးဖြစ်ပါတယ်...။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေက သွေးကြောတွေကို ထိခိုက်စေပြီး သွေးကြောထဲမှာ သွေးခဲလေးတွေ ဖြစ်ပေါ်လာစေပါတယ်...။ ဒါကြောင့် ဆေးလိပ်သောက်တယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်..။ စာဖတ်ပရိသတ်ကြီး ကျန်းမာသက်ရှည်တဲ့ဘဝကို အပူပန်ကင်းကင်းနေနိုင်ဖို့ အတွက် သွေးတိုးလို ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ ရောဂါတွေကို ကြောက်ဖို့မလိုဘဲ စနစ်တကျနေထိုင် လိုက်နာစားသောက်ဖို့သာ လိုအပ်ကြောင်းကို ဒေါက်တာစိမ့်ရဲ့ "သွေးတိုးရောဂါရှင်တွေလိုက်နာရန်" ဆိုတဲ့ ကျန်းမာရေး ဆောင်းပါးမှာရေးသားထားတဲ့အတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်......။

Source ဒေါက်တာစိမ့်စမ်းဖြူ  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။