ပရိသတ်ကြီးရေ စိုးညီအစ်မတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ တေးသံရှင်စန္ဒီမြင့်လွင်ကလည်း ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။စန္ဒီမြင့်လွင်က ဟိုးအရင်ကတည်းက တေးသီချင်းတွေကိုသီဆိုခဲ့ပြီး ယနေ့အချိန်ထိလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေဆဲပါနော်။ဒီးဒီက ချစ်ညီအစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ စန္ဒီမြင့်လွင်တို့နဲ့အတူ မင်းသမီးပိုးထည်တိုက်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားကြပါတယ်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

စန္ဒီမြင့်လွင်က စိုးညီအစ်မတွေနဲ့လည်း တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ဆောင်သလို ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ BRATဆိုင်လေးကိုလည်း ချစ်ခင်ပွန်းနဲ့အတူတူ ဦးဆောင်ပြီးလုပ်ကိုင်နေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ကတော့ သမီးလေးတစ်ယောက်ကိုလည်း မွေးဖွားထားပြီဖြစ်လို့ ပျော်ရွှင်နွေးထွေးတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါပြီနော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး Treasure ကလည်း အဖေနဲ့လည်းတူသလို အမေနဲ့လည်းတူပြီး အရမ်းချစ်စရာကောင်းတဲ့ကလေးလေးပါ။ပါးဖောင်းဖောင်းလေးနဲ့ အရမ်းအသည်းယားစရာကောင်းတဲ့ Treasure လေးကို မေမေစန္ဒီမြင့်လွင်က မနက်တိုင်းမှာ"မေမေကမနက်ဆိုအဲ့လိုဆော့ရမှကျေနပ်တယ်"ဆိုပြီး သမီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို မှတ်တမ်းတင်ထားတာဖြစ်လို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

Photo Credit:Dee Dee's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။