ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီကတော့ အသက်ငယ်ငယ်နဲ့ အောင်မြင်ကျော်ကြားနေပြီး တကယ့်ကိုအနုပညာအရည်အချင်းပြည့်ဝတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကကိုဝင်ရောက်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တဲ့ ရွှေမှုံရတီက အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်မှုများစွာကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Amazing Grace Photography;
Photo Credit-Shwe Mhone Yati's Facebook;
Photo Credit-Amazing Grace Photography;

လက်ရှိမှာတော့ ရွှေမှုံရတီက အဆိုတော်၊ သရုပ်ဆောင် မင်းသားချော ရွှေထူးနဲ့ အိမ်ထောင်ကျပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို အသံပါဝါလည်းကောင်းတဲ့ ရွှေမှုံရတီက ခင်ပွန်းဖြစ်သူနဲ့အတူ တေးသီချင်းလေးတွေလည်း ဖန်တီးသီဆိုခဲ့ပါသေးတယ်။ အခုလည်း ရွှေမှုံရတီ

က ချစ်ခင်ပွန်းနဲ့ ကြည်နူးနေတဲ့ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားပါတယ်။

Photo Credit-Amazing Grace Photography;
Photo Credit-Amazing Grace Photography;
Photo Credit-Amazing Grace Photography;
Photo Credit-Amazing Grace Photography;

ရွှေမှုံရတီက " ခင်ဗျား ကိုချွဲ ချင်တယ် ကိုကြီး ရယ် " ဆိုပြီး ခင်ပွန်းကိုဖက်ပြီး ချွဲနေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ ခင်ပွန်းဖြစ်သူရွှေထူးရဲ့ရင်ခွင်လေးထဲမှာမှီရင်း ကလေးလေးတစ်ယောက်လို အချွဲပိုနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Shwe Mhone Yati's Facebook;

Photo Credit-Amazing Grace Photography;

Photo Credit-Amazing Grace Photography;
Photo Credit-Amazing Grace Photography;
Photo Credit-Amazing Grace Photography;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။