ပရိသတ်အားပေးမှုတွေအများဆုံးရရှိထားသူကတော့ ပြည်သူချစ်မင်းသမီးလေး သင်ဇာဝင့်ကျော်ပါ။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားခဲ့သူတစ်ယောက်ပါ။ သင်ဇာရဲ့ အနုပညာသက်တမ်းဟာလည်း ဆယ်စုနှစ်သို့ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

photo credit - Thinzar Wint Kyaw Facebook
photo credit - Thinzar Wint Kyaw Facebook

သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း လက်ရှိမှာရုံတင်ပြသနေဆဲပါ။ ဒီဇာတ်ကားကြီးဟာလည်း ပရိသတ်အားပေးမှုတွေ အများကြီး ရရှိထားတာပါ။ သင်ဇာကတော့ လတ်တလောမှာတော့ တာချီလိတ်ကိုရောက်ရှိနေတာပါ။ တာချီလိတ်မှာရှိတဲ့ ဟိုတယ်သစ်ဖွင့်ပွဲကို တက်ရောက်ခဲ့တာပါ။ 

photo credit - Thinzar Wint Kyaw Facebook
Photo Credit - Amazing Grace photography

အခုမှာလည်း သူမရဲ့လှုပ်ရှားမှုတွေကို ဗီဒီယိုလေးရိုက်ကူးကာ သင်ဇာရဲ့ Instagram myday လေးမှာတင်ထားတာပါ။ ပရိသတ်တွေလည်း သင်ဇာရဲ့လှုပ်ရှားမှုတွေကို သိရှိနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source - Thinzar Wint Kyaw Instagram Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။