ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်မင်းသားချောတစ်ယောက်ဖြစ်တဲ့ နိုင်းနိုင်းဟာဆိုရင် အရပ်ရှည်ပြီး ချောမောခန့်ညားတဲ့ရုပ်ရည်တွေကြောင့် တစ်ခေတ်တစ်ချိန်မှာ ပျိုပျိုမေလေးတွေကြားမှာအရမ်းရေပန်းစားခဲ့ပါတယ်နော်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး အရင်ကထက်လည်းပိုပိုပြီးခန့်ညားလာသလို ပရိသတ်တွေကလည်း တစ်ခဲနက်ဝန်းရံနေကြဆဲပဲဖြစ်ပါတယ်။

Photo Credit:Actor99's Facebook
Photo Credit:Actor99's Facebook
Photo Credit:Actor99's Facebook

နိုင်းနိုင်းမှာ ပျော်ရွှင်နွေးထွေးတဲ့မိသားစုလေးရှိပြီး သားသမီးတွေနဲ့ချစ်ဇနီးတို့ကတော့ နယူးယောက်မှာနေထိုင်ကြပါတယ်။နိုင်းနိုင်းကလည်း အားတဲ့အချိန်တိုင်းမှာ မိသားစုနဲ့အတူ နယူးယောက်မှာနေထိုင်ပြီး တစ်ခါတစ်လေ မြန်မာပြည်ကိုပြန်လာကာ အနုပညာအလုပ်တွေကိုလုပ်ဆောင်ပါတယ်။နိုင်းနိုင်းရဲ့သားသမီးလေးယောက်က အိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်လို့ မိသားစုလေးက စိုစိုပြေပြေနဲ့အရမ်းပျော်ရွှင်ဖို့ကောင်းလှပါတယ်နော်။

Photo Credit:Actor99's Facebook
Photo Credit:Actor99's Facebook
Photo Credit:Actor99's Facebook

အခုဆိုရင်တော့ နိုင်းနိုင်းလည်း နယူးယောက်မှာရောက်ရှိနေပြီး ချစ်ဇနီး၊သားသမီးတွေနဲ့အတူ ပျော်ပျော်ပါးပါးနေထိုင်နေကြတာပါ။ယခုရာသီက နယူးယောက်မှာ ကျောင်းဖွင့်တဲ့အချိန်ဖြစ်လို့ နိုင်းနိုင်းရဲ့ကလေးတွေလည်း ကျောင်းပြန်တက်ကြပြီး ဖေဖေနိုင်းနိုင်းကတော့ သားသမီးတွေရဲ့ဝေယျာဝစ္စကိုသေသေချာချာလုပ်ကိုင်ပေးကာ ကျောင်းလိုက်ပို့ပေးတဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Actor99's Facebook
Photo Credit:Actor99's Facebook
Photo Credit:Actor99's Facebook

Source:Actor99's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။