အနုပညာအလုပ်တွေကို ဝါသနာအရင်းခံကာ ယနေ့ထက်ထိအောင်မြင်မှုတွေများစွာရရှိနေသူတွေကတော့ စိုးညီအစ်မလေးယောက်ပဲ ဖြစ်ပါတယ်။ သူတို့လေးယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက်အမြဲစည်းစည်းလုံးလုံးနဲ့နေထိုင်ကြတာဟာလည်း မြင်ရသူတိုင်းကြည်နူးစရာကောင်းလှတာပါ။  

photo credit - မင်းသမီးပိုးထည်တိုက် Facebook Page
photo credit - မင်းသမီးပိုးထည်တိုက် Facebook Page

သူတို့လေးယောက်ဟာ " မင်းသမီး " လို့အမည်ရတဲ့ ပိုးထည်ဆိုင်လေးကို ဖွင့်လှစ်ထားရှိကြတာပါ။ ဒါ့အပြင် လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတာပါ။  

photo credit - Sandi Myint Lwin Instagram Account
photo credit - Sandi Myint Lwin Instagram Account

မနေ့ကလည်း ညီအစ်မလေးယောက်လုံးကြော်ငြာရိုက်ကူးမှုတစ်ခုပြုလုပ်နေကြတာပါ။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုတော့ စန္ဒီမြင့်လွင်ရဲ့ Instagram myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ပရိသတ်တွေလည်း သူတို့ရဲ့လှုပ်ရှားမှုတွေ သိရှိနိုင်ရန်အတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Sandi Myint Lwin Instagram Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။