ဒီတစ်ခါမှာတော့ ပရိသတ်ကြီးထဲ ယောကျာ်လေးအမျိုးသားတွေအတွက် ကိုယ့်ချစ်သူနဲ့ ပထမဆုံး ချိန်းတွေ့တဲ့အခါ ပြုလုက်သွားသင့်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးတွေထဲကမှ ကိုယ်နဲ့ အဆင်ပြေမယ့်နည်းလမ်းလေးတွေကို ရွေးယူပြီး အဆင်ပြေပြေ ချိန်းတွေ့နိုင်ကြပါစေဗျ...

၁။ ကိုယ့်ချစ်သူလေးနဲ့ ချိန်းမတွေ့ခင် ပထမဦးဆုံးလုပ်သင့်တာကတော့ အိမ်ကနေ သေချာပြင်ဆင်သွားဖို့ပဲ။ အဝတ်အစားကအစ ဆံပင်ပုံစံအဆုံး ဖိုသီဖတ်သီမပြင်ဆင်သွားပဲ သပ်သပ်ရပ်ရပ်လေး ပြင်ဆင်သွားသင့်ပါတယ်။ ဒါမှ ကောင်မလေးနဲ့တွေ့တဲ့အခါ သူ့စိတ်ထဲမှာ ကိုယ့်ကို အမှတ်ပြည့်ပေးသွားမှာဖြစ်ပါတယ်။

Photo Source : Pngtree

၂။ နှစ်ယောက်သား ချိန်းတွေ့တဲ့အခါ လည်ပတ်မယ့်နေရာတွေကို အစောကြီးထဲက သေချာရွေးချယ်ထားပါ။ အစီအစဉ်မရှိပဲ ဘယ်နေရာသွားရနိုးနိုး ဖြစ်သွားခဲ့ရင် သင့်ကောင်မလေးက သင့်ကို အနည်းငယ်တော့ စိတ်ပျက်သွားမိပါလိမ့်မယ်။

Photo Source : Pngtree

၃။ မုန့်ဆိုင်မှာစားတဲ့အခါ သူစားမယ့်အစားအသာလေးတွေက အစ သေချာမှာပေးလိုက်ပါ။ ဒီလို အသေးအဖွဲလေးတွေကအစ ဂရုစိုက်ပေးလိုက်ရင် ကိုယ့်ကောင်မလေးကိုလည်း ပျော်ရွှင်သွားစေပါလိမ့်မယ်။ ဒါကြောင့် ချိန်းမတွေ့ခင်မှာ သူဘာကြိုက်တတ်လဲဆိုတာ အစောကြီးထဲက သိထားမှ အဆင်ပြေပါလိမ့်မယ်။

Photo Source : Pngtree

၄။ သူမနဲ့တွေ့တဲ့အခါ ကိုယ့်ရဲ့မကောင်းတဲ့အလေ့အထတွေကို တတ်နိုင်သလောက်မလုပ်မိအောင် ရှောင်ရှားပါ။ ဥပမာ ကိုယ်က ဆေးလိပ်သောက်တတ်တဲ့သူ ကွမ်းစားတတ်တဲ့သူဆိုရင် ပထမဆုံးချိန်းတွေ့မယ့်နေ့မှာ ဒါမျိုးတွေ မလုပ်မိတာက ပိုကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ မိန်းကလေးအများစုဟာ ကွမ်းစားတာနဲ့ ဆေးလိပ်သောက်တာကို သိပ်မကြိုက်ကြလို့ပါ။

Photo Source : Pngtree

၅။ နောက်ဆုံးအနေနဲ့ကတော့ ချိန်းတွေ့ကြတဲ့ တစ်ချိန်လုံး သူမကို ပျော်ရွှင်အောင်ထားပေးလိုက်ပါ။ ပထမဆုံး ဒိတ်တာဟာ အလွန်အရေးကြီးပြီး နောင်တစ်ချိန်ပြောပြလို့ကောင်းမယ့် ပျော်စရာအမှတ်တရတွေကျန်ရစ်အောင် ဖန်တီးပါ။ တစ်ကယ်လို့ကိုယ်က ဟာသဉာဏ်နည်းတယ်ဆိုရင်တော့ အနည်းဆုံးကိုယ်သိတဲ့ ဟာသအကြောင်းအရာလေး တစ်ခုနှစ်ခုလောက်ကို အတတ်နိုင်ဆုံးပြောနိုင်အောင် ကြိုးစားပါ။ ဒီလိုအချက်လေးတွေကို လုပ်နိုင်သလောက် လိုက်လုပ်နိုင်မယ်ဆိုရင် သင့်ကောင်မလေးနဲ့သင့်ရဲ့ ပထမဆုံး ချိန်းတွေ့မှုဟာ ပျော်ရွှင်ပြီးအဆင်ပြေနိုင်မှာပဲ ဖြစ်ပါတယ်။ အခုစချစ်တဲ့သူတွေရော ချစ်သူဘဝကို ဖြတ်သန်းနေကြတဲ့သူတွေရော သာယာပျော်ရွှင်တဲ့ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျ...

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။