မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး သန္တာဗိုလ်ကတော့ ချပ်လျပ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့ ပြီးပြည့်စုံတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ချောရတနာရဲ့ညီမလေးဖြစ်သလို သရုပ်ဆောင်ကောင်းပြည့်ရဲ့ချစ်သူလေးလည်းဖြစ်တဲ့ သန္တာဗိုလ်က ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ သန္တာဗိုလ်က ကြော်ငြာလေးတွေရိုက်ကူးသလို ရှိုးပွဲတွေမှာလည်း ပါဝင်လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

Photo Credit:Thandar Bo's Facebook;
Photo Credit:Thandar Bo's Facebook;

Tik Tok ကစားရတာကို ဝါသနာပါတဲ့ သန္တာဗိုလ်က မကြာခဏဆိုသလို သူမရဲ့Tik Tok ဗီဒီယိုလေးတွေကို လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း သန္တာဗိုလ်က မင်းသမီးချောလေးတွေဖြစ်တဲ့ မအေးသောင်း၊ ဝါဆိုမိုးဦး၊ ဂျူးချစ်သစ္စာတို့နဲ့အတူ ကြော်ငြာရိုက်ကူးရင်း Tik Tok ကစားခဲ့ပါတယ်။ သန္တာဗိုလ်နဲ့ မင်းသမီးချောလေးတွေက မြူးကြွတဲ့တီးလုံးသံစဉ်အတိုင်း ခပ်မိုက်မိုက်ပုံစံလေးနဲ့ Tik Tok ဆော့ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit:Thandar Bo's Facebook;
Photo Credit:Thandar Bo's Facebook;
Photo Credit:Thandar Bo's Facebook;

သန္တာဗိုလ်က " ဒီနေ့ကြော်ငြာရိုက်ရင်း tiktok ရိုက်ရင်းပေါ့ " ဆိုပြီး Tik Tok ဗီဒီယိုအသစ်စက်စက်လေးတွေကို Facebook မှာ တင်ထားတာပဲ ဖြစ်ပါတယ်။ အမိုက်စားပုံစံနဲ့ ရိုက်ကူးထားတဲ့ သန္တာဗိုလ်ရဲ့ Tik Tok ဗီဒီယိုလေးတွေမှာတော့ မင်းသမီးချောလေးတွေအားလုံးက အိုက်တင်တစ်မျိုးစီလုပ်ပြထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သန္တာဗိုလ်နဲ့မင်းသမီးချောလေးတွေရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video Credit:Thandar Bo's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။