ပရိသတ်ကြီးရေ.. စူးရှထက်လို့ ဆိုလိုက်တာနဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားတတ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် မော်လ်ဒယ်သရုပ်ဆောင် အနုပညာရှင်တစ်ဦးကို မြင်ယောင်မိမှာပါနော်..။

ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ စူးရှထက်ကတော့ သူမရဲ့အနုပညာကြေးငွေလေးတွေနဲ့ အလှူအတန်းတွေလည်း မကြာခဏပြုလုပ်လေ့ရှိပြီး ပရိသတ်တွေကိုလည်း ကုသိုလ်လေးတွေ မျှဝေလေ့ရှိတာ တွေ့ရပါတယ်နော်..။


Photo Credit - Zar Chi’s Facebook
Photo Credit - Zar Chi’s Facebook
Photo Credit - Zar Chi’s Facebook

အခုတစ်ခါမှာလည်း ပေပီလေးစူးရှထက်တစ်ယောက် ချို့တဲ့လွန်းတဲ့ ကလေးငယ်လေးတွေရဲ့ ပျော်စရာအိပ်မက်လေးတွေကို သူမတတ်နိုင်တာလေးတွေနဲ့ ဖြည့်ဆည်းကုသိုလ်ယူရင်း ပျော်နေပါတယ်..။

ရွှေတိဂုံဘုရားရှေ့နားမှာတွေ့ရတဲ့ ချို့တဲ့လွန်းတဲ့ ကလေးငယ်လေးတွေအတွက် ကျောသားရင်သားမခွဲခြားပဲ နွေးထွေးကြင်နာစွာနဲ့ မုန့်လေးတွေနဲ့ အရုပ်လေးတွေပေးဝေပြီး ကလေးတွေကို ပျော်စေခဲ့တာဖြစ်ပြီး သူမကိုယ်တိုင်ကလည်း ကြည်နူးမှုအပြုံးလေးတွေနဲ့ ပျော်နေပါတယ်နော်..။


Photo Credit - Zar Chi’s Facebook
Photo Credit - Zar Chi’s Facebook
Photo Credit - Zar Chi’s Facebook

အခုလိုကလေးငယ်လေးတွေအတွက် ကိုယ်တိုင်ကိုယ်ကျသွားရောက် ကုသိုလ်ယူရင်း ပျော်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပေပီလေးစူးရှထက်က ချစ်ပရိသတ်တွေကိုလည်း အပျော်လေးတွေကူးစက်စေဖို့ ပြန်လည်မျှဝေထားပါသေးတယ်..။

“သူတို့အတွက် ခက်ခဲတဲ့

ပျော်စရာအိမ်မက်လေးတွေ လက်တွေ့ဖြစ်စေချင်တဲ့

ဆန္ဒ နဲ့..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

Photo Credit - Zar Chi’s Facebook
Photo Credit - Zar Chi’s Facebook
Photo Credit - Zar Chi’s Facebook
Photo Credit - Zar Chi’s Facebook

Photo Credit - Zar Chi’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။