လူရွှင်တော်၊ သရုပ်ဆောင် ချက်ကြီးကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဇာတ်ပို့နေရာကနေ အမြဲလိုလို ပါဝင်သရုပ်ဆောင်လေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ အတော်လေးရင်းနှီးမှုရနေပြီးသားဖြစ်မယ် ထင်ပါတယ်။ လက်ရှိအချိန်အထိလည်း ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့ ချက်ကြီးက သူရဲ့လှုပ်ရှားမှုတွေအားလုံးကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ဝေမျှပေးလေ့ရှိတာ ဖြစ်ပါတယ်။

Photo Credit-KoChat Gyi's Facebook Acc;
Photo Credit-KoChat Gyi's Facebook Acc;

အခုလည်း ချက်ကြီးက လူရွှင်တော်၊ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးတိမ်ညွန်ရဲ့ အခက်အခဲကို သွားရောက်ဖြေရှင်းပေးခဲ့ပါတယ်။ ချက်ကြီးက " အဖေကြီး ဦးတိမ်ညွန့် အိမ်လခ စပေါ်ပေးဖို့ အခက်အခဲဖြစ်နေတယ် သတင်းကြားတော့ မင်းဘုန်းမြတ်အောင် ပြည်တွင်း/ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္မဏီကို ဆက်သွယ်အကြောင်းကြားပြီ အိမ်လခအတွက် အလှူငွေ(500000)ကျပ် အိမ်စရိတ်အတွက် (100000)ကို သွားရောက်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။ " ဆိုပြီး တင်ထားတာ ဖြစ်ါတယ်။

Photo Credit-KoChat Gyi's Facebook Acc;
Photo Credit-KoChat Gyi's Facebook Acc;

ချက်ကြီးက အိမ်လခစပေါ်ငွေပေးဖို့ အခက်အခဲဖြစ်နေတဲ့ ဦးတိမ်ညွန့်ရဲ့သတင်းကို ကြားသိရတာကြောင့် အခုလိုချိတ်ဆက်ပြီး ကူညီပေးလိုက်ရတာဖြစ်ကြောင်း သူ့ရဲ့ Facebook Acc မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ချက်ကြီးတို့အဖွဲ့က အိမ်လခအတွက် (၅)သိန်း၊ အိမ်စရိတ်အတွက် (၁)သိန်းကို အိမ်တိုင်ရာရောက်သွားပြီး ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဦးတိမ်ညွန့်နဲ့ ချက်ကြီးတို့အဖွဲ့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:KoChat Gyi's Facebook Acc;

Photo Credit-KoChat Gyi's Facebook Acc;
Photo Credit-KoChat Gyi's Facebook Acc;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။