မင်းသမီးချောလေး နေခြည်ဦးကတော့ Beauty Blogger တစ်ဦးအဖြစ် လူသိများအောင်မြင်လာခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောလှပသလို ဖက်ရှင်နဲ့ပတ်သက်ပြီးလည်း အမြင်ရှိတဲ့ နေခြည်ဦးက အမြဲလိုလို ခမ်းနားလှပတဲ့ဖက်ရှင်တွေနဲ့ ပေါ်လွင်လှပနေတတ်တာ ဖြစ်ပါတယ်။

Photo Credit: Amazing Grace Photography;
Photo Credit: Amazing Grace Photography;

လက်ရှိမှာတော့ နေခြည်ဦးတစ်ယောက် ချစ်သူနဲ့လမ်းခွဲပြတ်စဲထားပြီး Single အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် နေခြည်ဦးက "အိပ်မက်တွေမိုးထားတဲ့အိမ်" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို စတင်ရိုက်ကူးနေပြီလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ နေခြည်ဦးနဲ့အတူ မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အုပ်စိုးခန့်တို့က ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

Photo Credit: Nay Chi Oo's Facebook;
Photo Credit: Nay Chi Oo's Facebook;
Photo Credit: Nay Chi Oo's Facebook;

ဒီနေ့မှာတော့ နေခြည်ဦးက နှုတ်ခမ်းနီရဲရဲလေးဆိုးပြီး အထာကျကျ Vape သောက်နေတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးကို သူမရဲ့Facebook Acc မှာ တင်ထားပါတယ်။ စတိုင်အပြည့်နဲ့ အပြတ်အသတ်ဂေါ်နေတဲ့ နေခြည်ဦးက စူးရှတောက်ပတဲ့ အကြည့်တွေနဲ့ အရမ်းကိုလှနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit: Nay Chi Oo's Facebook;

Photo Credit: Nay Chi Oo's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။